စစ်တပ်က ရွာ ၂ ရွာကို မီးရှို့ပြီး လက်နက်တွေနဲ့ပါပစ်လို့ အမျိုးသမီးတဦး ဒဏ်ရာရ

0 1
0 1

စစ်ကိုင်း၊ မေ ၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်သားတွေက တရက်တည်း မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် လက်နက်တွေနဲ့လည်းပစ်ခတ်ခဲ့လို့ ဒေသခံအမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

မတ်လ ၁ ရက် ဒီမနက် ၁၀ နာရီလောက်မှာ အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက ရွာချင်းကပ်လျက်ရှိတဲ့ ဆည်ကြီးရွာနဲ့ ပေါက်သာရွာကို တဆက်တည်းပစ်ခတ်ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်စီးခဲ့တာလို့ ရေဦးဒေသခံတဦးက ပြောပါတယ်။

ပုံစာ – ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း တိမ်းရှောင်နေကြရသည့် ရေဦးနယ်နဲ့ ဒီပဲယင်းအရှေ့ခြမ်းကျေးရွာတွေမှ စစ်ရှောင်များ။ ပုံဟောင်း)

“ဒီနေ့မနက်ပိုင်း မုတ်စီရွာကနေ ရေဦးတောင်ဘက်ခြမ်း ပြည်တော်ဘက်ကနေတဆင့် ဆည်ကြီး၊ ပေါက်သာရွာဘက်ကို လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်ပြီးဝင်လာတယ်။ ပေါက်သာရွာက လူလတ် အမျိုးသမီးတဦး ခြေထောက်ကိုကျည်ရှပ်မှန်ခဲ့တယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီအမျိုးသမီးကို ကယ်ထုတ်နိုင်ခဲ့တယ်။ အခုချိန်ထိမီးလောင်သွားတဲ့ အိမ်အရေအတွက်ကိုမသိရသေးဘူး”လို့ ဆိုပါတယ်။

ဆည်ကြီးရွာနဲ့ ပေါက်သာရွာကို မီးရှို့သွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဧပြီလ ၃၀ ရက်မနေ့ကလည်း ငရုတ်တုံရွာကို မီးရှို့ခဲ့ပြီး အဲ့ဒီကတဆင့် မုတ်စီရွာထဲမှာ တညအိပ်တပ်စွဲထားပြီးနောက် ဒီနေ့မနက်ပိုင်းမှာ ဆည်ကြီးရွာနဲ့ ပေါက်သာရွာကို မီးရှို့ခဲ့တာလည်း ဖြစ်ပါတယ်။

ပုံစာ – ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း တိမ်းရှောင်နေကြရသည့် ရေဦးနယ်နဲ့ ဒီပဲယင်းအရှေ့ခြမ်းကျေးရွာတွေမှ စစ်ရှောင်များ။ ပုံဟောင်း)

မီးရှို့ပြီးနောက် ဒီနေ့လယ် ၂ နာရီလောက်မှာတော့ အဲဒီကျေးရွာ ၂ ရွာနဲ့ ၁ မိုင်လောက်သာဝေးတဲ့ ပိဋကတ်ကျရွာထဲက ရှေ့စုခံသီးတော ဘုန်ကြီးကျောင်းမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

“အခုချိန်ထိ အဲဒီကျေးရွာ ၃ ရွာက နေအိမ်တွေ ဘယ်လောက်မီးထဲပါသွားလဲ မသိရဘူး။ စစ်ကြောင်းတွေကကပ်နေတော့ အတည်မပြုနိုင်သေးဘူး။ ငရုတ်တုံရွာကအခုမှ ပထမအကြိမ် မီးရှို့ခံရတာ။ ဆည်ကြီးရွာနဲ့ ပေါက်သာရွာက အရင်စစ်ကြောင်းတွေတုန်းကလည်း ၂ ကြိမ် ၃ ကြိမ်လောက် မီးရှို့ခံထားရဖူးတယ်”လို့ အထက်ပါ ဒေသခံကဆက်ပြောပါတယ်။

ပုံစာ – ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း တိမ်းရှောင်နေကြရသည့် ရေဦးနယ်နဲ့ ဒီပဲယင်းအရှေ့ခြမ်းကျေးရွာတွေမှ စစ်ရှောင်များ။ ပုံဟောင်း)

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်ကလည်း ပေါက်သာရွာနဲ့ ဆည်ကြီးရွာက နေအိမ်‌တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးခဲ့ပါသေးတယ်။

လက်ရှိမှာ စစ်ကြောင်းထိုးမီးရှို့နေတဲ့အတွက် ဆည်ကြီးရွာနဲ့ပေါက်သာရွာအပါအဝင် ကျေးရွာ ၁၀ ရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပုံစာ – ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း တိမ်းရှောင်နေကြရသည့် ရေဦးနယ်နဲ့ ဒီပဲယင်းအရှေ့ခြမ်းကျေးရွာတွေမှ စစ်ရှောင်များ။ ပုံဟောင်း)

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။