3 November 2026 4:04 PM

⁨မကွေးဖက်ဒရယ်ယူနစ်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က စစ်ကြောင်းမှူးနဲ့ စစ်ထောက်လှမ်းရေးတာဝန်ခံ စစ်တပ်ဘက် ဘက်ပြောင်းသွား

0 4
0 4

ပေါက်၊ နိုဝင်ဘာ ၃၊ ၂၀၂၆။

မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စစ်ကြောင်း ၁၃ က စစ်ကြောင်းမှူးနဲ့ သူ့ရဲ့စစ်ထောက်လှန်းရေးတာဝန်ခံတို့ စစ်တပ်ဘက် ဘက်ပြောင်းသွားတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ် ၂ ဦးထံက သိရပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကြောင်း ၁၃ ရဲ့ စစ်ကြောင်းမှူး(တပ်ခွဲမှူး) Level 2 (တော်လှန်ရေးအမည်-လယ်ဗယ်တူး) နဲ့ သူရဲ့ IO (Intelligence Officer – စစ်ထောက်လှမ်းရေးတာဝန်ခံ) ဖြစ်သူတို့ဟာ ရှေ့တန်းစစ်မျက်နှာကနေ စစ်တပ်ဘက်ကို ကူးပြောင်းသွားတယ်လို့ ဆိုပါတယ်။

“ဗိုလ်ကျီးကန်းအဖွဲ့က စစ်ကြောင်းမှူးလို့ ပြောရမယ်။ သူနဲ့ သူ IO တို့ *ခဘက်ပြောင်းသွားတာ။ ရှေ့တန်းစစ်မျက်နှာကနေ ပြေးသွားတာ။ အညာဒူဘိုင်းဘက် လက်ရှိ စစ်ဆိုင်ထားတဲ့နေရာကနေ ပြောင်းသွားတာ။”လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

နောက်ထပ်စစ်ရေးသတင်းရင်းမြစ်တဦးကလည်း စစ်ကြောင်းမှူး(တပ်ခွဲမှူး) level 2 နဲ့ သူရဲ့ IO (စစ်ထောက်လှမ်းရေးတာဝန်ခံ)တို့ဟာ စစ်တပ်စစ်ကြောင်းထံ ဘက်ပြောင်းသွားတယ်ဆိုတာ ထပ်မံအတည်ပြုပေးထားပါတယ်။

ပေါက်နဲ့မြိုင်မြို့နယ်အစပ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေနဲ့ PDF တပ်ရင်းပူးပေါင်းအဖွဲ့တွေဟာ စစ်ဆိုင်ထားကြပြီး စစ်ရေးတင်းမာနေပြီး သူတို့ ၂ ဦးဟာ စစ်ဆိုင်ထားတဲ့ အဲ့ဒီနေရာက အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းဆီ ဘက်ပြောင်းသွားတာလို့ သိရပြီး သူတို့ ၂ ဦးနဲ့အတူ M-4 တလက်၊ ပါရီ တလက်နဲ့ ကျည်အချို့ကို ယူဆောင်သွားတယ်လို့ ပြောပါတယ်။

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဌာနက ဒေသအတွင်း စစ်ဆင်ရေးစွမ်းရည် ပိုမိုမြှင့်တင်နိုင်ဖို့နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေကို ထိရောက်စွာ ခုခံတုံ့ပြန်နိုင်ဖို့ ရည်ရွယ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်ကတည်းက စစ်ကြောင်း (၃) ကြောင်းဖြစ်တဲ့ ပခုက္ကူခရိုင် စစ်ကြောင်း (၉)၊ စစ်ကြောင်း (၁၁) နဲ့ စစ်ကြောင်း (၁၃) တို့ကို ထပ်မံဖွဲ့စည်းပေးခဲ့ပြီး၊ အဲဒီအထဲက စစ်ကြောင်း (၉) နဲ့ စစ်ကြောင်း (၁၃) ဟာ ပခုက္ကူမြို့နယ်အခြေစိုက်အဖြစ် ဖွဲ့စည်းထားကာ စစ်ကြောင်း (၁၁) ကိုတော့ ပေါက်မြို့နယ်အခြေစိုက်အဖြစ် ဖွဲ့စည်းထားတာလို့ သိရပါတယ်။

Photo – မကွေးဖက်ဒရယ်ယူနစ်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။