ပျော်ဘွယ်၊ နိုဝင်ဘာ ၃၊ ၂၀၂၆။
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်နဲ့ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ၁ ရက်တည်း ယာဥ်တိမ်းမှောက်မှု ၂ ကြိမ်ဖြစ်ကာ ၁၄ ဦးဒဏ်ရာရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့မနက် ၈ နာရီခန့်မှာ ရန်ုကုန်ဘက်နေ မန္တလေး ဘက်ကို လူ ၄ ဦးလိုက်ပါ မောင်းလာတဲ့ Pickup ယာဉ်ဟာ ကားလမ်းမိုင်တိုင်အမှတ် ၂၄၇/၇- ၂၄၈/၀ အကြားအရောက်မှာ ရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းက သစ်ပင်ကို တိုက်မိခဲ့တယ်လို့ ဆိုပါတယ်။


“ယာဥ်ရဲ့ ဘယ်ဘက်ရှေ့ဘီးယာဥ်ပေါက်ပြီး သစ်ပင်တိုက်တာ။ အရှိန်များတော့ သစ်ပင်တိုက်တဲ့ အရှိန်ကြောင့် ကားပေါ်ပါမှာတဲ့ ၄ ယောက်ပါတာမှာ ၃ ယောက် စိုးရိမ်ရပြီး ၁ ယောက်ကို မစိုးရိမ်ရဘူး။”လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးသူတဦးက ပြောပါတယ်။
အဆိုပါ ယာဥ်တိုက်မှုမှာ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦး၊ အသက် ၂၀ ကျော်အမျိုးသား ၁ ဦးအနက် အသက် ၄၀ ကျော် အမျိုးသား ၁ ဦးသာ မစိုးရိမ်ရအခြေနေရှိပြီး ကျန်သူတွေက စိုးရိမ်ရ အခြေနေရှိလို့ သိရပါတယ်။


အလားတူ မနက် ၉ နာရီခန့်မှာလည်း ရန်ကုန်ကနေ နေပြည်တော်ဘက်ကို အမျိုးသား ၁၀ ဦးလိုက်ပါလာတဲ့ လိုက်ထရပ်ယာဥ်ဟာ လမ်းအတိုင်းမောင်းနှင်လာစဥ် ကားလမ်းမိုင်တိုင်အမှတ် ၁၂/၂-၃ အကြားအရောက်မှာ ရှေ့ကသွားနေတဲ့ ကားကိုကျော်တက်ရာမှ တိမ်းမှောက်သွားတယ်လို့ ဆိုပါတယ်။
ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်ပေါ်ပါသူ အသက် ၂၀ ကနေ ၅၀ ကြားအမျိုးသား ၁၀ ဦးဟာ မစိုးရိမ်ရဒဏ်ရာတွေရရှိသွားပြီး ဆေးရုံပို့ရတဲ့ အခြေနေထိမရှိဘူးလို့ အမြန်လမ်းကြီးကြပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – မောင်မှိုင်း