အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့က စခန်းမှူး တိုက်ပွဲမှာကျဆုံး

0 40
0 40

ချောက်၊ နိုဝင်ဘာ ၁၈၊ ၂၀၂၅။

မကွေးတိုင်း၊ ချောက်မြို့ကထွက်လာတဲ့ စစ်ကော်မရှင်ကားတွေကိုတိုက်ခိုက်ရင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့မှ စခန်းမှူးကျဆုံးခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။

နိုဝင်ဘာ ၁၇ ရက် နေ့လယ် ၁၁ နာရီခွဲလောက်မှာ ချောက်မြို့နယ် တနေရာမှာ စစ်ကော်မရှင် ကားတွေကိုတိုက်ခိုက်ရာက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စခန်းမှူးအသက် ၁၉ နှစ်အရွယ် အောင်ဇင်မျိုး (ခ) ဥသြမှာ အဆုတ်ကို ကျည်ထိမှန်ပြီး နေရာမှာပဲ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ချောက်မြို့က ထွက်လာတဲ့ ယာဉ်တန်းကို ချောက်မြို့နယ် တနေရာမှာ တိုက်ခိုက်တာ၊ ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်ရင်း သူပစ် ကိုယ်ပစ်အပြန်အလှန်ပစ်ခတ်ရင်း ထိမှန်တာ၊ အဆုတ်ကို ထိမှန်တာ၊ အလောင်းကို ပြန်ရခဲ့ပါတယ်၊” လို့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားချိန် မိနစ် ၃၀ ခန့်ကြာခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဘက်က ၅ ဦးသေဆုံးမှုရှိကာ တိုက်ခိုက်မှုဖြစ်ပြီးနောက် ၁ နာရီခန့်အကြာမှာ စစ်ကော်မရှင်ကားတွေက ချောက်မြို့ဘက်ကို ဆက်သွားခဲ့ကြပြီး အဲ့ဒီနောက်မှ အလောင်းကိုကောက်ယူခဲ့ရတယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အောင်ဇင်မျိုး (ခ) ဥသြရဲ့ ဈာပနအခမ်းအနားကို နိုဝင်ဘာ ၁၇ ရက် မနေ့ကညနေ ၃ နာရီခွဲလောက်က မကွေးခရိုင်အတွင်း တပ်ရင်းအခြေစိုက်ရာနေရာမှာ ပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ဝင် ၃၀ ဦးဝန်းကျင်တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အောင်ဇင်မျိုးဟာ ၂၀၂၅ ခုနှစ် ၅ လပိုင်းမှာ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ကိုစတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ စခန်းမှူးအဖြစ်တာဝန်ထမ်းဆောင်နေတာ ၂ လကြာပြီး မြန်မာလူမျိုးဖြစ်တယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

၂၀၂၃ ဇွန်လမှာစတင်တည်ထောင်ခဲ့တဲ့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ဟာ ချောက်မြို့နယ်အခြေစိုက်ကာ စစ်ကော်မရှင်တပ်တွေကိုတော်လှန်တိုက်ခိုက်နေတာဖြစ်ပြီး တပ်ဖွဲ့တည်ထောင်ချိန်ကနေ လက်ရှိအချိန်ထိ တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးခဲ့တာပါ။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။