စစ်ကောင်စီရဲ့ဆက်သွယ်ရေးစခန်းတိုက်ပွဲမှာ KPDF 2 တပ်ဖွဲ့ ဒုတပ်စုမှူး သေဆုံး

0 3
0 3

စစ်ကိုင်း၊ ဧပြီ ၂၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းပိုင်း၊ မိုင်တိုင် အမှတ်(၄၉) မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဆက်သွယ်ရေးတာဝါတိုင်တိုက်ပွဲမှာ KPDF 2 တပ်ဖွဲ့က ဒုတပ်စုမှူးတဦး သေဆုံးသွားခဲ့ပါတယ်။

ဧပြီလ ၁၇ ရက်နေ့မှာ ယင်းမာပင်ခရိုင် အမှတ် (၁၈) တပ်ရင်း၊ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂)(KPDF2) မှ ဒုတပ်စုမှူး အသက် (၂၃) နှစ်အရွယ် အောင်ချမ်းငြိမ်းဟာ တိုက်ပွဲမှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသွားခဲ့တယ်လို့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“တာဝါတိုင်အနီးမှာ ဆက်သွယ်ရေးစခန်း ရှိပါတယ်။ အဲဒီစခန်းကို ဝင်သိမ်းတာပါ။ စခန်းသိမ်းဆိုတာက လေကြောင်းမလာခင်မှာတော့ စကစတွေ မတုန့်ပြန်နိုင်ပါဘူး။ ထွက်ပြေးသူလောက်ပဲ လွတ်ပါတယ်။ စကစဘက်က လူတွေလည်း လေယာဉ်နဲ့ လူတွေ လာချထားတာရှိတဲ့အတွက် ကျန်တာကတော့ လုံခြုံရေးအရ ပြောလို့မရသေးပါဘူး” လို့ဆိုပါတယ်။

တိုက်ပွဲမှာ သေဆုံးသွားတဲ့ ဒုတပ်စုမှူး အောင်ချမ်းငြိမ်းကို တပ်ရင်းအနေဖြင့် မိသားစုနဲ့အတူထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ခြေမှုန်း‌ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ကျန်ရှိနေသေးသော တာဝန်တွေကို ဆက်လက် ထမ်းဆောင်တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်းကိုလည်း KPDF 2 တပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက MA-2 ၃ လက်၊ MA – 11 ၆ လက်၊ MA – 3 ၅ လက်၊ MA – 4 ၁ လက်၊ MA ကျည်ဘောက် ၈ ခု၊ ၅.၅၆ ကျည် ၉၃၈၀ တောင့်၊ 60mm – ပြောင်းတို ၁ လက်၊ 60 mm ဗုံးသီး အလုံး ၅၀၊ 40 mm ဗုံးသီး ၅၇ လုံး၊ လက်ပစ်ဗုံးသီး ၅၆ လုံး၊ ရှေ့ထွက်မိုင်း ၁၀ လုံး၊ နင်းမိုင်း ၂၉ လုံး၊ Detonator (လက်ပစ်) ၃၇ ခု၊ Detonator (မိုင်း) ၄၅ ခု၊ စစ်သုံးချပ်ဝတ်တန်ဆာ ၂ ခု၊ ငွေသား ၁၁၁၀၀ တို့ကို ရယူနိုင်ခဲ့ပြီး၊ လက်နက်စာရင်းက ဒီထပ်လည်း ပိုများနိုင်တယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။