KLG က သင်္ကြန်ရက်မနားဘဲ သစ်ခုတ်ပြီး မီးရှို့ခံရတဲ့နေအိမ် ၁၀၀ အတွက် ထောက်ပံ့

0 2
0 2

ကနီ၊ ဧပြီ ၂၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းက စစ်ကောင်စီမီးရှို့သွားတဲ့ ကျေးရွာ ၁ ရွာက နေအိမ်အလုံး ၁၀၀ အတွက် ကျောက်လုံးကြီး KLG တပ်မဟာအဖွဲ့က သစ်တွေသွားရောက်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁၉ ရက် မနေ့က နေ့လယ် ၁၂ နာရီလောက်မှာ ကနီမြို့နယ်ထဲက မီးရှို့ခံရတဲ့ ပြည်သူ ၁၀၀ ဦးအတွက် လှူဒါန်းခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာ ရဲဘော်တဦးက ပြောပါတယ်။

“သစ်တွေကတော့ အိမ်တိုင်သစ်တွေ ရွေးခုတ်ပြီး အမျိုးအစားကတော့ အစုံပါပဲ။ အမာသားတွေလည်း ပါတယ်။ မျောတိုင် ၅၀၀ ကျော်လောက်လည်း ပါတယ်။ ရဲဘော်တွေ သင်္ကြန်ရက်အတွင်းမှာ မနားဘဲနဲ့ ကနီမြို့နယ်အတွင်းက တောထဲမှာ ခုတ်ဖြစ်တာ၊ အခုခုတ်ခဲ့တဲ့သစ်တောက ကျနော်တို့ စိုးမိုးနယ်မြေပါ” လို့ ပြောပါတယ်။

လက်ရှိကာလအတွင်း စိုးမိုးနယ်မြေမှာရှိတဲ့ သစ်တောတွေကိုတော့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ထောက်ပံ့ဖို့ ခုတ်ယူခဲ့တဲ့ သစ်တောကတော့ ကြိုးဝိုင်းထဲက မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

သစ်တောကြိုးဝိုင်းတွေကတော့ နိုင်ငံရေးအခြေအနေ မကောင်းတာကြောင့် အတော်များများ ပြုန်းတီးနေပြီလို့ ဆိုပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။