12 July 2026 8:56 PM

အဝတ်တွေကို မီးပုံရှို့ရာမှ နေအိမ် ၃ လုံးမီးလောင်ပြီး မီးရှို့သူပါသေဆုံး

0 4
0 4

ရေစကြို၊ ဧပြီ ၂၀၊ ၂၀၂၃။

မကွေးတိုင်း၊ ရေစကြိုမြို့၊ သုခဝတီရပ်ကွက်မှာ အဝတ်တွေကို မီးပုံရှို့ရာမှ နေအိမ် ၃ လုံး မီးလောင်ပြီး အမျိုးသား ၁ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

ဧပြီလ ၂၀ ရက်ဒီမနက် ၁၀ နာရီခန့်မှာ သုခဝတီရပ်၊ အောင်သိဒ္ဒိ အရှေ့နားနေ အသက် ၄၇ နှစ်အရွယ်ရှိ ဦးဖိုးဝင်းဆိုသူက နေအိမ်မှာ အဝတ်ပုံကို မီးရှို့ရာမှ မီးလောင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အိမ်ရှင်က အရက်သောက်များပြီး စိတ်ကမမှန်ဘူး ဖြစ်နေတာ။ ဒီမနက်မှာ အိမ်ကအဝတ်တွေယူပြီး အိမ်ထဲမှာ မီးပုံရှို့တာ။ လူကလည်း အရက်ကြောင့် စိတ်ကျန်းမာရေးမကောင်းတဲ့အပြင် အောက်ပိုင်းကလည်း သိပ်မသန်တော့ မီးလောင်ချိန်ပြေးမရဘဲ လူပါ မီးထဲပါသွားတာ” လို့ ပြောပါတယ်။

မီးလောင်တာကြောင့် မီးရှို့သူ အမျိုးသားပါ မီးလောင်သေဆုံးသွားပြီး ထရံကာ၊ ပျဥ်ခင်း၊ သွပ်မိုးနေအိမ် ၃ လုံး မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် မီးဘေးသင့်ပြည်သူ ၁၁ ဦးရှိခဲ့ပြီး နီးစပ်ရာဆွေမျိုးနီးစပ်သူတွေဆီမှာ ယာယီနေထိုင်နေရတယ်လို့ သိရပါတယ်။

မီးလောင်ချိန်အတွင်း မြို့နယ်မီးသတ်တပ်ဖွဲ့အပါအဝင် ဒေသခံတွေက ဝိုင်းဝန်းမီးငြိမ်းသတ်လို့ မီးလောင်ပြီး ၁ နာရီခန့်အကြာမှာ မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။