ပေါင်းတည်မှာ အုပ်ချုပ်ရေးမှူးလင်မယားပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

0 29
0 29

ပေါင်းတည်၊ အောက်တိုဘာ ၁၅၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ရေဆည်ကြီးကျေးရွာမှာ နေအိမ်မှာရှိနေတဲ့ အုပ်ချုပ်ရေးမှူးလင်မယား ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပစ်သတ်ခံရသူတွေဟာ ရေဆည်ကြီးကျေးရွာနေ အုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၆၄ နှစ်အရွယ် ဦးဝင်းမြင့်နဲ့ ဇနီးဖြစ်သူ အသက် ၆၇ နှစ်အရွယ်ဒေါ်သန်းသန်းမြင့်တို့ဖြစ်ပြီး အောက်တိုဘာ ၁၃ ရက် ည ၉ နာရီကျော်ခန့်မှာနေအိမ်မှာရှိနေချိန် ပစ်ခတ်ခံရတာလို့ဆိုပါတယ်။

“သူကအုပ်ချုပ်ရေးမှူးဆိုတော့ စကစဒေါက်တိုင်ဘဲ။ စကစဒေါက်တိုင် အုပ်ချုပ်ရေးမှန်သမျှကို ပစ်မှတ်ထားလုပ်နေကြတာဆိုတော့ သူလည်းအုပ်ချုပ်ရေးမှူးဖြစ်လို့ ရှင်းခံရတာ။ အိမ်ထဲမှာတင် ရှင်းခဲ့ကြတာလို့သိရတယ်။ “လို့ ဒေသကာကွာကွယ်ရေးအဖွဲ့တွေနဲ့နီးစပ်သူတဦးကပြောပါတယ်။

နေအိမ်ထဲဝင်ရောက်ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်မှာ ဦးခေါင်းကျည်ထိဒဏ်ရာနဲ့ နေရာမှာတင်သေဆုံးသွားပြီး ဇနီးဖြစ်သူ ဒေါ်သန်းသန်းမြင့်မှာတော့ ဒဏ်ရာပြင်းထန်ရသွားတယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူးလင်မယားပစ်သတ်ခံရပြီးနောက် အောက်တိုဘာ ၁၄ ရက်မှာတော့ စစ်ကော်မရှင်အဖွဲ့တွေက ကျေးရွာကို လာရောက်စစ်ဆေးမှုပြုလုပ်သွားတယ်လို့ သိရပါတယ်။

အဆိုပါပစ်ခတ်မှုကိုတော့ ဘယ်အဖွဲ့တွေဘက်က ပြုလုပ်တယ်ဆိုတာကိုတော့ အောက်တိုဘာ ၁၅ ရက်အထိ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

ပြီးခဲ့တဲ့စက်တင်ဘာ ၁၁ ရက်ကလည်း ပေါင်းတည်မြို့နယ်၊ ပန်းသင်းပင်ကျေးရွာမှာ ပျူစောထီး ၁ ဦး လယ်ခင်းထဲအသွားပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။