26 July 2026 8:57 PM

ပြည်မြို့မှာ အမျိုးသားတဦး ကြိုးဆွဲချ သေဆုံး

0 1
0 1

ပြည်၊ ဧပြီ ၆၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်မြို့မှာ ဧပြီလ ၆ ရက် ဒီမနက်အစောပိုင်းက အမျိုးသားတဦးကြိုးဆွဲချ သေဆုံးခဲ့တယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

ပြည်မြို့၊ ရွှေဟင်္သာအရှေ့ပေါက် မေဃဝန်လမ်းကနေအိမ်မှာ ဒီနေ့မနက် ၁ နာရီခွဲ လောက်က အသက် ၁၈ နှစ်အရွယ် ကိုဖိုးသောင်္ကြာ ကြိုးဆွဲချခဲ့တာလို့ ဆိုပါတယ်။

“ဘယ်လိုဖြစ်ပြီး အခုလိုလုပ်တာလဲတော့ မစဥ်းစားတတ်ဘူး။ သူက အိမ်ထောင်နဲ့က အဆင်မပြေလို့ ကွဲနေတာလို့ သိရတယ်။ ကျန်တာ ဘာစိတ်ညစ်စရာရှိလည်းတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် အခုလို လုပ်ဖို့တော့ မသင့်ဘူး” လို့ မြို့ခံတဦးက ပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလာင်းကိုတော့ ပျူနှလုံးသားလူမှုကူညီကယ်ဆယ်ရေးအသင်း(ပြည်)က ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ခဲ့ပြီး မနက်ဖြန် ၃ နာရီမှာ အေးငြိမ်းရာသုဿန်မှာ သဂြိုလ်မှာဖြစ်တယ်လို့ သိရပါတယ်။

ပြည်မြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက် မနေ့ကလည်း အသက် ၅၈ နှစ်အရွယ် စည်ပင်ဝန်ထမ်းတဦး၊ မတ်လ ၁၆ ရက်မှာ ပွင့်လှသိမ်ကုန်းရပ်ကွက်နေ အသက်၂၅ နှစ်ဝန်းကျင် အမျိုးသမီးတဦးနဲ့ မတ်လ ၂၀ ရက်မှာ ဆင်စုရပ်ကွက်က အသက် ၂၉ နှစ်အရွယ် အမျိုးသားတဦးတို့လည်း ကြိုးဆွဲချသေဆုံးမှု ဖြစ်ခဲ့ပါသေးတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။