13 July 2026 1:33 AM

ရေစကြိုမြို့နယ်ထဲမှာ ပြည်သူ့အခြေပြုကျောင်းဆင်းပွဲနဲ့ ကျောင်းတွင်းသင်္ကြန်ပွဲ ကျင်းပ

0 1
0 1

ရေစကြို၊ ဧပြီ ၆၊ ၂၀၂၃။

မကွေးတိုင်း၊ ရေစကြိုမြို့နယ် အနောက်ဘက် ကျေးရွာတရွာမှာ ပြည်သူ့အခြေပြုအထက်တန်းကျောင်းမှာ ကျောင်းဆင်းပွဲနဲ့ ကျောင်းတွင်းသင်္ကြန်ပွဲကို ဧပြီလ ၂ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ ပညာရေးဘုတ်အဖွဲ့ဆီက သိရပါတယ်။

NUG/ MOE က ချမှတ်ထားတဲ့ မူဝါဒနဲ့အညီ ရေစကြိုမြို့နယ် ပညာရေးဘုတ်အဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွင့်လှစ်ထားတဲ့ မြေပြင်နဲ့ Online ကျောင်းတွေဟာ တရားဝင်ဖြစ်မြောက်သွားတဲ့အပြင် စာသင်နှစ်တနှစ် သင်ရိုးတဖြတ်ပြီးမြောက်တဲ့အနေနဲ့ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်ကြားကာလ ကျောင်းဆင်းပွဲနဲ့ ကျောင်းတွင်းသင်္ကြန်ပွဲကို ပြုလုပ်ရတာလို့ ရေစကြိုမြို့နယ် ပညာရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အခုလို စာသင်နှစ်တနှစ်ပြီးမြောက်သွားလို့ ကျောင်းသားကျောင်းသူတွေကို ပျော်ရွှင်စွာနဲ့ ပညာသင်ယူချင်စိတ်ဖြစ်လာအောင်၊ နောက်ပြီး ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေအနေနဲ့ ပညာသင်ယူချင်စိတ် ဖြစ်လာအောင်ဆိုတဲ့ အချက်နဲ့ ကျောင်းတွင်းမှာ ပညာသင်ယူရင် အခုလိုအခွင့်အရေးတွေ ရှိနိုင်တယ်ဆိုတာတွေ သိဖို့ပါ” လို့ ဆိုပါတယ်။

ကျောင်းဆင်းပွဲမှာ ပထဦးဆုံးအဖွင့်အနေနဲ့ ကိုပေါက်ရေးထားတဲ့ “မိုးခါးရေ” သီချင်း နဲ့ ဆရာ၊ ဆရာမတွေက သီဆိုဖျော်ဖြေခဲ့ကြပြီး အဲဒီနောက်မှာတော့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ယိမ်းအကအလှတွေနဲ့ ဖျော်ဖြေခဲ့ကြတယ်လို့ ဆိုပါတယ်။

“ကျောင်းဆင်းပွဲမှာ ကျောင်းသား၊ကျောင်းသူတွေကို ပြီးခဲ့တဲ့ အောက်တိုဘာ (၅) ရက်နေ့က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲဆုရရှိသူတွေ၊ သင်ထောက်ကူပြိုင်ပွဲဆုရရှိသူတွေ၊ အားကစားပြိုင်ပွဲမှာဆုရှိသူနဲ့ တခြားဆုရရှိသူတွေကို ချီးမြှင့်ခဲ့တယ်” လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ရေစကြိုမြို့နယ်က ပြည်သူ့အခြေပြုကျောင်းမှာ ကျောင်းသား၊ ကျောင်းသူပေါင်း ၅၉၄ ဦးရှိပြီး သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေကတော့ CDM ဆရာ၊ဆရာမ (၁၈) ဦး နဲ့ Volunteers ဆရာ၊ဆရာမ စုစုပေါင်း (၂၁) ဦး ရှိတယ်လို့ သိရပါတယ်။

ကြားကာလပညာသင်ကြားရေးအစီအစဉ်မှာ အခုလို ပွဲကျင်းပတာဟာ ပထမအကြိမ်ဖြစ်ကြောင်းနဲ့ နောက်ထပ်လည်း ကျောင်းအလိုက်ပြိုင်ပွဲတွေကို အလျင်းသင့်သလို ပြုလုပ်ပေးပြီး ကျောင်းသား၊ကျောင်းသူတွေ ပညာကိုပျော်ရွှင်စွာ သင်ယူချင်စိတ် ဖြစ်လာအောင် လုပ်ပေးဖို့ အစီအစဉ်တွေရှိတယ်လို့လည်း ဆိုပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။