10 July 2026 3:03 PM

ဗုံးလုပ်ရင်း မတော်တဆဖြစ်လို့ သားအဖ ၂ ဦးသေဆုံး

0 1
0 1

မကွေး၊ ဧပြီ ၄၊ ၂၀၂၃။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ အောင်သပြေကွက်သစ် ၁ လမ်းမှာ ဗုံးလုပ်ရင်း မတော်တဆဖြစ်လို့ သားအဖ ၂ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဧပြီလ ၃ ရက်နေ့ ည ၉ နာရီကျော်ခန့်မှာ အာကြီးကွမ်းယာဆိုင်နေအိမ် နောက်ဖေးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သားအဖ ၂ ဦးသေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သိရသလောက်က သူတို့ကကွမ်းယာရောင်းတယ်။ မနေ့ညကတော့ သူတို့ သားအဖ ၂ ယောက်က အိမ်နောက်ဖေးမှာ ဗုံးဆင်နေရင်းကနေ မတော်တဆဖြစ်ပြီး ပေါက်ကွဲမှုဖြစ်တာ။ သူတို့အလုပ်ကတော့ ကွမ်းယာရောင်းတာပဲ။ ဒါပေမယ့် နောက်ကွယ်မှာ ဘာတွေလုပ်လဲဆိုတာတော့ မသိရဘူး” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲတာကြောင့် ရာဇာဖြိုး (ခ) အာကြီး ၃၇ နှစ်နဲ့သားဖြစ်သူ ကျော်ဇင်ထွဋ် ၁၄ နှစ်တို့မှာ ပေါက်ကွဲစတွေ ထိမှန်ပြီး နေရာမှာဘဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်လာပြီး စစ်ဆေးမှုပြုလုပ်ကာ အလောင်းတွေကို ပခုက္ကူဆေးရုံကို သယ်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ကိုရာဇာဖြိုးရဲ့မိသားစုဝင် ၂ ယောက်ကိုပါ ပခုက္ကူ ရဲစခန်းဘက်ကို ဖမ်းခေါ်သွားပါတယ်။

ပခုက္ကူမြို့မှာ ယခုလို ဗုံးလုပ်ရင်းမတော်တဆမှုကြောင့် လူသေဆုံးမှုဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။