⁨ ⁨ဘောလုံးပွဲကျင်းပနေချိန် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ PDF ၁ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံး

0 1
0 1

စလင်း၊ နိုဝင်ဘာ ၂၃၊ ၂၀၂၆။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ စည်ဆွဲကျေးရွာမှာ ဘောလုံးပွဲကျင်းပနေချိန် အာဏာသိမ်းစစ်တပ်ဘက်က အသေခံဒရုန်းနဲ့တိုက်ခိုက်ခံရလို့ PDF တပ်ဖွဲ့ဝင် အပါအဝင် ၂ ဦး​သေဆုံးတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲ ခန့်က ကျေးရွာဘောလုံးကွင်းအတွင်း ကျေးရွာသားတွေနဲ့ PDF တပ်ဖွဲ့ဝင်အချို့ ဘောလုံးကစားနေချိန် စလေဘက်ကနေ လွတ်တင်လိုက်တဲ့ အသေခံဒရုန်းနှစ်စင်းက ကစားကွင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“ရွာဓလေ့အရ ရွာချင်းချိန်းပြီး ဘောလုံးကန်ကြတော့ အဖွဲ့အစည်းတွေထဲပါနေသူတွေလည်း ဝင်ကန်ကြတာမျိုး ရှိတယ်။ ဒရုန်း ၂ စီးက နှစ်စီးလုံး ကွဲတယ်။ ကွင်းထဲရှိနေသူတွေထိကြတာ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒရုန်းပေါက်ကွဲဲမှုကြောင့် အသက် ၂၀ ကျော်အရွယ် PDF ရဲဘော် ၁ ဦးနဲ့ အသက် ၂၅ နှစ်ကျော်အရွယ် ရွာခံအမျိုးသား ၁ ဦးတို့ သေဆုံးခဲ့ပြီး နောက်ထပ် PDF ရဲဘော် ၂ ဦးဒဏ်ရာရခဲ့ပါတယ်။

ဒရုန်းကျရောက်ပေါက်ကွဲမှုကြောင့် ဘောလုံးကစားပွဲကို လာရောက်ကြည့်ရှုနေသူတွေလည်း ထွက်ပြေးခဲ့ရပြီး ဘောလုံးပွဲလည်း ပျက်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့ကလည်း စလင်းမြို့နယ်၊ ကန်တော်ကျေးရွာနဲ့ နတ်တပ်ကျေးရွာတို့ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ နတ်တပ်ကျေးရွာက အမျိုးသား ၃ ဦးဒဏ်ရာရသွားတယ် သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။