12 July 2026 6:16 AM

အင်းတော်မှာ လေမုန်တိုင်းတိုက်လို့ နေအိမ်တွေနဲ့ ဓာတ်မီးတိုင်တွေ ပျက်စီး

0 1
0 1

စစ်ကိုင်း၊ ဧပြီ ၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲက မော်လူးဒေသမှာ ဧပြီ ၂ ရက်မနေ့က ညနေ ၄ နာရီခွဲလောက်မှာ လေမုန်းတိုင်းတိုက်လို့ နေအိမ်တချို့နဲ့ ဓာတ်မီးတိုင်တွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီလေမုန်တိုင်းဟာ နာရီဝက်ခန့်တိုက်ခတ်ခဲ့ရာ ထိခိုက်ဒဏ်ရာရတဲ့သူတွေ မရှိပေမယ့်လည်း နေအိမ် ၁၀ လုံးနဲ့အထက် ပျက်စီးသွားပြီး စာသင်ကျောင်းအမိုးလန်သွားသလို၊ စေထီထိပ်ဖူးပါ စောင်းသွားခဲ့တယ်လို့ ဆိုပါတယ်။

“ပျက်စီးသွားတဲ့ ခန့်မှန်းခြေကတော့ တော်တော်များမယ်။ မော်လူးနယ်မှာ ဖြစ်သွားတာဆိုတော့ ပျက်စီးသွားတဲ့ နေအိမ်ပမာဏ ပြောပြလို့မတတ်ဘူး။ မော်လူးနယ်က ရွာတွေအများကြီး။ မော်လူးက ရပ်ကွက်တခုတင်ကို နေအိမ် ၁၀ လုံးကျော်လောက် ပျက်စီးသွားသလိုတခြားရပ်ကွက်တွေရော ရွာတွေက အိမ်တွေရော အများကြီးပျက်စီးသွာတာ” လို့ ဆိုပါတယ်။

ယနေ့ ဧပြီ ၃ ရက်နေ့မှာတော့ လေမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့နေအိမ်တွေကို ရပ်ကွက်နေ ပြည်သူတွေက ပြန်လည်ပြုပြင်နေပြီး မော်လူးဒေသမှာ အခုလို လေမုန်တိုင်းကြောင့်နေအိမ်တွေပျက်စီးတာဟာ ပထမအကြိမ် ဖြစ်တယ်လို့လည်း အထက်ပါဒေသခံက ဆက်ပြောပါတယ်။

“အရင်က မော်လူး-အင်းတော် လမ်းဘေးမှာ သစ်ပင်ကြီးတွေနဲ့ စိမ်လန်းနေတာပဲ။ အခုတော့ ငုတ်တိုတွေပဲ ကျန်တယ်။ အရင်က လေပြင်းမုန်းတိုင်းတွေကလည်း ဖြစ်တောင့်ဖြစ်ခဲတယ်။ အခုနောက်ပိုင်း သစ်ပင်တွေလည်း ပြောင်လာလို့ ထင်ပါတယ်။ ရွာသားတွေကတော့ သူတို့အိမ်တွေပြန်ပြင်ဖို့အတွက် စျေးသွားပြီး သွပ်တွေဝယ်နေကြတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ လျှပ်စစ်မီးတွေ ပျက်တောက်နေတယ်လို့ ဆိုပါတယ်။

ယခင်က မော်လူး-အင်းတော်လမ်းပိုင်းမှာ ကျွန်း၊ ပျဉ်းကတိုးပင်တွေနဲ့ ပြည့်နေပေမယ့်လည်း အခုလပိုင်းလောက်မှာပဲ အဲဒီလမ်းပိုင်းနေရာမှာ အိမ်ယာကွက်တွေပြုလုပ်ဖို့အတွက် ကျွန်း၊ ပျဉ်းကတိုးပင်တွေကို ခုတ်ဖြတ်လိုက်ပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။