KLG တပ်မဟာ တည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားနဲ့ ကျဆုံးရဲဘော်မိသားစုတွေကို ငွေကြေးထောက်ပံ့

0 3
0 3

စစ်ကိုင်း၊ ဧပြီ ၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အခြေစိုက် ကျောက်လုံးကြီး KLG တပ်မဟာအဖွဲ့က တည်ထောင်ခြင်း ၂ နှစ်ပြည့်နဲ့ ကျဆုံးရဲဘော်တွေရဲ့မိသားစု‌တွေကို ငွေကြေးထောက်ပံ့တဲ့ အခမ်းအနားကို ကနီမြို့နယ်တနေရာမှာ ဧပြီလ ၂ ရက်မနေ့က မနက်ပိုင်းမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဒီအခမ်းအနားကို မနက် ၈ နာရီခန့်မှာ စတင်ကျင်းပခဲ့ပြီး၊ ပြည်သူနဲ့ ရဲဘော် ၂၀၀ ၀န်းကျင်လောက် တက်ရောက်ခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာမှ ရဲဘော်တဦးက ပြောပါတယ်။

“ရဲဘော်အင်အား ၁၀၀ ကျော် ပြည်သူအင်အား ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားမှာတော့ ကျနော်တို့ရဲ့ ကျောက်လုံးကြီး KLG တပ်မဟာအဖွဲ့ရဲ့ဆရာတော်လည်းဖြစ်တဲ့အပြင် ကနီမြို့နယ်ရဲ့ နယက ပအဖ ဆရာတော်က အဖွင့်အမှာစကားပြောပြီး ပြည်သူတွေကို တော်လှန်ရေးနဲ့ပတ်သက်တဲ့ အကြောင်းပြောပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ထိတွေ့တိုက်ပွဲနဲ့ မတော်တဆမှုတွေကြောင့် သေဆုံးခဲ့တဲ့ KLG တပ်မဟာမှ ရဲဘော် ၂၀ ဦးရဲ့မိသားစု၀င်တွေကိုလည်း ငွေကြေးထောက်ပံ့ပေးခဲ့ပြီး အခမ်းအနားကို နေ့လည် ၁၂ နာရီခန့်မှာ ရပ်နားခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။