ခမရ ၅၆၃ က စစ်သားတဦး စစ်ကိုင်းမှာအလင်းဝင်

0 1
0 1

စစ်ကိုင်း၊ ဧပြီ ၃၊ ၂၀၂၃။

စစ်ကိုင်းအခြေစိုက် ဆားတောင်မိုးကြိုပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကို ပြီးခဲ့တဲ့မတ်လ ၃၁ ရက်မှာ စစ်ကောင်စီတပ်သားတဦး အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ ဂွမြို့အခြေစိုက် ခမရ ၅၆၃ က တပ်သားအောင်ကိုကိုဦး ၂၈ နှစ်ဖြစ်ပြီး သူနဲ့အတူ လက်နက်ခဲယမ်းတွေတော့ မပါလာခဲ့ဘူးလို့ ဆိုပါတယ်။

“ကျနော် စစ်ကိုင်းမြို့နယ်၊ ဆားတောင်မိုးကြိုးပြည်သူ့ကာကွယ်ရေးအဖွဲ့မှာ အလင်းဝင်တယ်။ ခု လွတ်မြောက်ရေးနယ်မြေကို ရောက်နေပါပြီ။ ကျနော့်ခံယူချက်က စစ်တပ်အောက်မှာ တာဝန်မထမ်းဆောင်ချင်လို့ လမ်းမှားမှန်းသိသိကြီးနဲ့ ဆက်မလျှောက်ချင်တော့လို့ပါ” လို့ ဆားတောင် မိုးကြိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြေလတ်အသံကို ပေးပို့တဲ့ရုပ်သံဖိုင်မှာ တပ်သား အောင်ကိုကိုဦးက အတည်ပြုဖြေဆိုထားပါတယ်။

ဒါ့အပြင် ပြည်သူနဲ့တသားတည်းဖြစ်အောင် ခုလိုအလင်းဝင်ခဲ့တာဖြစ်ပြီး၊ ရှေ့ဆက်ပြီးတော့လည်း ပြည်သူနဲ့အတူ စစ်ကောင်စီကို တော်လှန်သွားမယ်လို့လည်း ဆိုထားပါတယ်။

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD နဲ့ချိတ်ဆက်ထားဆဲဖြစ်တဲ့အတွက် တပ်သား အောင်ကိုကိုဦးကို ဆုငွေချီးမြှင့်နိုင်ခြင်း မရှိပေမယ့် ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။