12 July 2026 7:25 AM

လယ်ကွင်းမီးရှို့လို့ စစ်ကောင်စီလာမယ့်လမ်း ထောင်ထားတဲ့မိုင်းတွေ အချိန်မီပြန်သိမ်းခဲ့ရ

0 1
0 1

မကွေး၊ မတ် ၃၀၊ ၂၀၂၃။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဘလုံတောကျေးရွာနဲ့ ပခန်းကြီးကျေးရွာကြား ပခုက္ကူ-ရေစ​ကြိုလမ်းပိုင်းမှာ စစ်ကောင်စီအတွက် မိုင်းထောင်ထားချိန် ဒေသခံတွေက လယ်ကွင်းမီးရှို့လို့ မိုင်းတွေကိုအချိန်မီရုပ်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။

မတ်လ ၂၉ ရက်နေ့ည ၄ နာရီခန့်မှာ စစ်ကောင်စီလာမယ့်လမ်းမှာ အကြီးစား မိုင်း ၂ လုံးထောင်ထားချိန် ဒေသခံတွေက လယ်ကွက်မီးရှို့ခဲ့ရာ မိုင်းအထိကူးစက်လောင်ကျွမ်းခဲ့လို့ မပေါက်ကွဲခင် အချိန်မှီ ဖြုတ်သိမ်းခဲ့ရတယ်လို့ People Defence Force Column 1က ဗိုလ် 7 က ပြောပါတယ်။

“ကျနော်တို့ဘက်က မိုင်းကို သေချာစနစ်တကျ ပြင်ထားတာ။ အဲဒါကို ဘယ်ဒေသခံက သူတို့လယ်ကွက်ကို မီးရှို့လဲမသိဘူး။ ထောင်ထားတဲ့မိုင်းနားထိ မီးကရောက်လာပြီး မိုင်းအပြင်ပိုင်းအချို့ပါ မီးလောင်ခဲ့တာ။ ကျနော်တို့ဘက်က အချိန်မီသိလိုက်လို့ အမြန်ပြန်ဖြုတ်ခဲ့ရတာ။ မဟုတ်ရင် လမ်းသွားလမ်းလာဒေသခံတွေ ဘယ်လောက်တောင် သေမလဲ မသိဘူး” လို့ ပြောပါတယ်။

ဒေသခံတွေကို အဲဒီလမ်းပိုင်းမှာ မီးမရှို့ဖို့ အကြိမ်ကြိမ်သတိပေးထားပေမယ့် လိုက်နာတာမရှိဘဲ မကြာခဏမီးရှို့နေလို့ စစ်ကောင်စီကို မိုင်းဆွဲမယ့်အစီအစဥ်တွေ ဖျက်သိမ်းနေရတယ်လို့ ဆိုပါတယ်။

ဒေသခံ ပြည်သူတွေအနေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်တွေကို လိုက်နာပေးကြဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

အဲဒီ မိုင်း ၂ လုံးပေါက်ကွဲပါက ပေ ၃၀ ပတ်လည်အတွင်း ရောက်ရှိလာမယ့် စစ်ကောင်စီတပ်သားတွေ အထိနာသေစေနိုင်ပြီး ဒေသခံအချို့ရဲ့ မဆင်မခြင်လုပ်ရပ်ကြောင့် အစီအစဥ်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်သူတွေရဲ့ လှူဒါန်းထောက်ပံမှုနဲ့ပြုလုပ်ထားရတဲ့ မိုင်း ၂ လုံး တန်ဖိုး ကျပ် ၁၀ နီးပါးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။