11 July 2026 2:30 PM

ရွှေဘိုမှာ မိုင်း ၂ ကြိမ်ကွဲလို့ အမျိုးသား ၁ ဦးသေဆုံးကာ ၁၉ ဦးဒဏ်ရာရ

0 1
0 1

စစ်ကိုင်း၊ မတ် ၂၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ မူးဘောင်တံတားပေါ်နဲ့ မြောက်ဘက်လမ်းပေါ်မှာ မိုင်းပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် အမျိုးသား ၁ ဦးသေဆုံးကာ ၁၉ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၈ ရက်ဒီမနက် ၁၀ နာရီခန့်က ကားကြီးကွင်းတံတားပေါ်မှာ ပထမအကြိမ်ပေါက်ကွဲပြီးနောက် ၁၀ မိနစ်ခန့်အကြာ ကားကြီးကွင်းမြောက်ဘက်ခြမ်းရှိလမ်းပေါ်မှာ ဒုတိယအကြိမ် ပေါက်ကွဲခဲ့တာလို့ ဒေသလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောပါတယ်။

“ပထမအကြိမ်က ရွှေဘိုမြို့အဝင် မူးဘောင်တံတားပေါ်မှာ မိုင်းကွဲတယ်။ နောက်တကြိမ်က အဲ့နားနဲ့ မလှမ်းမကမ်းမှာ နောက်တလုံး ထပ်ကွဲတယ်။ လူသွားလူလာစည်ကားနေတဲ့ အချိန်ဖြစ်နေတော့ ထိခိုက်သူတွေ တော်တော်များတယ်။ ခုတော့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရတယ်။ ကျား ၁ ဦးကတော့ ဆေးရုံရောက်မှ ဆုံးသွားတယ်” လို့ ပြောပါတယ်။

မိုင်း ၂ ကြိမ်ကွဲလို့ ကားတစီးနဲ့ ဆိုင်ကယ် ၁၀ စီးခန့် ထိမှန်ခဲ့ပြီး အမျိုးသား ၁ ဦးသေဆုံးကာ၊ ကလေးငယ်ယောကျ်ားလေး ၂ ဦးအပါအဝင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၈ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေအနက် စိုးရိမ်ရ လူနာ ၇ ဦးကို မန္တလေးဆေးရုံကို ပို့ဆောင်နေပြီး ကျန်သူတွေကိုတော့ ရွှေဘိုဆေးရုံးကို ပို့ထားတယ်လို့ သိရပါတယ်။

ဒီမိုင်းတွေကို ဘယ်အဖွဲ့အစည်းက ဘာကြောင့်ထောင်ထားတယ်ဆိုတာကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

မတ်လ ၂၅ ရက် ညနေ ၃ နာရီခွဲခန့်မှာလည်း ရွှေဘိုမြို့နယ်၊ တဂဏန်းကျေးရွာနဲ့ ဇီးတောကျေးရွာကြားမှာ ကား ၃ စီးနဲ့ဆိုင်ကယ် ၁ စီး မိုင်းထိလို့ ရဟန်း ၁ ပါးအပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။