11 July 2026 3:28 PM

PDF ရဲဘော်သေဆုံးခြင်း ၁ နှစ်ပြည့် ဆွမ်းသွပ်တရားတော်နာ ပြုလုပ်

0 1
0 1

မကွေး၊ မတ် ၂၈၊ ၂၀၂၃။

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရင်း သေဆုံးခဲ့တဲ့ King Fighter SGF တပ်ဖွဲ့က ရဲဘော်တဦးရဲ့ တနှစ်ပြည့်အထိမ်းအမှတ် ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၈ ရက် ဒီကနေ့မနက်ပိုင်း ၉ နာရီခန့်မှာ သံဃာ ၅ ပါးပင့်ပြီး ဆွမ်းသွပ်တရားနာ အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“ဈာပနပြုလုပ်တာက သူ့ရဲ့ရွာမှာလုပ်ပြီး သင်္ဂြိုလ်ပေးခဲ့တာ။ အုတ်ဂူလည်း တည်‌ပေးခဲ့တယ်။ ကျဆုံးရဲဘော်ရဲ့ မိသားစုဝင်တွေလည်း လာပါတယ်။ အခုတနှစ်ပြည့်မှာလည်း သူ့ရဲ့မိသားစုဝင်တွေနဲ့အတူ ကျနော်တို့တပ်ဖွဲ့စခန်းမှာ ဆွမ်းသွပ်တရားနာ အခမ်းအနားကို ပြုလုပ်ခဲ့တာ” လို့ King Fighter SGF တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မတ်သံလုံက မြေလတ်အသံကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လ ၂၈ ရက်နေ့က ပေါက်မြို့နယ်၊ ရေကျော်ရွာရှိ ပြည်သူတွေရဲ့ပစ္စည်းတွေဖျက်ဆီးပြီး မီးရှို့ပြန်ထွက်လာတဲ့ စစ်**နဲ့ပျုတွေ ပူးပေါင်းထားတဲ့ ယာဉ်တန်းကိုကြားဖြတ်တိုက်ခိုက်တာမှာ အပြန်အလှန်ပစ်ခတ်မှုမှာ လက်နက်ကြီးထိမှန်ပြီး အသက် ၂၇ နှစ်အရွယ် ရဲဘော် သီဟဟာ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တော်လှန်ရေး ၂ နှစ်တာကာလအတွင်း King Fighter SGF တပ်ဖွဲ့က ရဲဘော် ၂ ဦး သေဆုံးပြီးထိခိုက်ဒဏ်ရာရသူ ၂ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။