⁩ ⁨ဇာတိအလွမ်းပြေ စားသောက်ကုန်လုပ်ငန်းရှင် မြန်မာအမျိုးသမီးတွေရဲ့ အိပ်မက်

0 3
0 3

မြေလတ်အသံ၊ နိုဝင်ဘာ ၂၅၊ ၂၀၂၆။

အိမ်နဲ့ဝေးနေသူတွေအတွက် ဇာတိမြေရဲ့ အစားအစာတွေဟာ အလွမ်းပြေစရာတစ်ခု ဖြစ်သလို တချို့အမျိုးသမီးတွေအတွက်တော့ အဲဒီအစားအစာတွေကပဲ ဘဝသစ်တစ်ခု တည်ဆောက်ဖို့ အခွင့်အလမ်းတွေ ဖြစ်လာခဲ့ပါတယ်။

နိုင်ငံရပ်ခြားမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု စတင်ဖို့ ဘယ်လောက်ခက်ခဲပါသလဲ။ လုပ်ငန်းရှင်သန်ရပ်တည်နိုင်ဖို့ ဘယ်လိုစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်ကြရပါသလဲ။ လုပ်ငန်းတစ်ခုကို ရပ်နားလိုက်ရတာဟာ အိပ်မက်တစ်ခုရဲ့ အဆုံးသတ်ပဲလား၊ အသစ်ပြန်လည်စတင်ဖို့ အခွင့်အရေးတစ်ခုလား။

ဒီတစ်ပတ် Women’s Voice အမျိုးသမီးစကားဝိုင်းမှာတော့ “Everything Halal CNX” စားသောက်ဆိုင်လုပ်ငန်းရှင် Michelle၊ “အောင်စည်” မြန်မာဟင်းချက်အနှစ် ထုတ်လုပ်ရောင်းချသူ ဒေါ်အိအိခင်နဲ့ ရှမ်းရိုးရာအစားအစာတွေ ကိုယ်တိုင်ချက်ပြုတ်ရောင်းချခဲ့သူ မပန်းလေးတို့ ပါဝင်ဆွေးနွေးထားပါတယ်။

မတူညီတဲ့ စီးပွားရေးလုပ်ငန်းသုံးခု၊ မတူညီတဲ့ ဘဝအတွေ့အကြုံတွေ၊ စိန်ခေါ်မှုတွေကြားက ကိုယ်ပိုင်ရပ်တည်နိုင်ရေးအတွက် ကြိုးစားနေကြတဲ့ မြန်မာအမျိုးသမီးသုံးဦးရဲ့ အတွေ့အကြုံတွေနဲ့ အိပ်မက်တွေကို Women’s Voice အမျိုးသမီးစကားဝိုင်း အစီအစဉ်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။