⁨စာသင်းကျောင်းမှာ ချုပ်ထားတဲ့ ပေါ်တာဆွဲခံရသူ ၁၀ ဦး ထွက်ပြေးလွတ်မြောက်

0 2
0 2

◾️ အစောင့်တွေလစ်ချိန် စာသင်ဆောင်တံခါးတွေကိုဖျက်ပြီး အုတ်တံတိုင်းကျော်တက်ထွက်ပြေးခဲ့ရ

ရေဦး၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ် အ.ထ.က ၂ စာသင်ကျောင်းမှာ ၂ လ ကြာ ပေါ်တာဆွဲ ဖမ်းဆီးခံထားရတဲ့ လူငယ် ၁၀ ဦး ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ရေဦးမြို့နယ်ပကဖ တာဝန်ရှိသူတွေဆီက သိရပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့ နေ့လည် ၃ နာရီခန့်မှာ အချုပ်ခန်းစောင့် ပျူစောထီးနဲ့ စစ်ကောင်စီအဖွဲ့တွေ လစ်ချိန်မှာ ဖမ်းဆီးခံထားရသူ ၁၀ ဦးဟာ အစောင့်တွေလစ်ချိန် စာသင်ဆောင်တံခါးတွေကိုဖျက်ပြီး အုတ်တံတိုင်းကျော်တက်ကာ ထွက်ပြေးခဲ့ရတယ်လို့ ​ဆိုပါတယ်။

“သူတို့ကို ကျောင်းခန်းထဲမှာ အခန်းပိတ် ချုပ်ထားတာ။ ခါတိုင်း အစောင့်တွေက ရှိတယ်။ မနေ့က အစောင့်တွေ လစ်ချိန် ပြေးလာကြတာ။ ကျောင်းသားတွေနဲ့ရောပြီး ပြေးလာတာမှာ လွတ်လာကြတာ”လို့ ရေဦးမြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်လာတဲ့ လူငယ် ၁၀ ဦးကိုတော့ သူတို့စိတ်သဘောအတိုင်း အလုပ်အကိုင်နဲ့ နေစရာဖန်တီးပေးသွားမယ်လို့ ဆိုပါတယ်။

အဆိုပါ စာကျောင်းဟာ ကျောင်းပိတ်ထားခြင်းမရှိပဲ ပုံမှန်အတိုင်း ကျောင်ဖွင့်လှစ်ထားသလို၊ တဘက်မှာလည်း လွန်ခဲ့တဲ့ ၁ နှစ်ကျော်ခန့်က စတင်ပြီး စစ်တပ်နဲ့ ပျူအင်အား ၃၀ ခန့်ရှိပြီး တပ်စွဲထားကာ ပေါ်တာဆွဲ ဖမ်းဆီးထားသူ အချို့ကို အဲ့ဒီကျောင်းမှာ ချုပ်နှောင်ထားလေ့ရှိတယ်လို့ သိရပါတယ်။

ထွက်ပြေးလာသူတွေဟာ အသက် ၂၆ က​နေ ၃၄ နှစ်အကြားအရွယ်ရှိသူတွေဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်းက ရေဦး၊ ကလေး၊ တန့်ဆည်၊ ခင်ဦးမြို့နယ်တွေနဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွေက ဒေသခံတွေဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလက စစ်မှုဖမ်းဖို့ အဓမ္မဖမ်းဆီးခံခဲ့ရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။