စစ်အုပ်စုလက်ချက်နဲ့ကျဆုံးခဲ့သူ မသဉ္ဇာဟိန်းအတွက် အောက်မေ့ဖွယ် ၂ နှစ်ပြည့်အခမ်းအနားပြုလုပ်

0 1
0 1

စစ်ကိုင်း၊ မတ် ၂၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ကျေးရွာတရွာမှာ ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တွေ ဦးဆောင်ပြီး မုံရွာလူထုသပိတ်တိုက်ပွဲမှာကျဆုံးခဲ့သူ မသဉ္ဇာဟိန်းအတွက် အောက်မေ့ဖွယ် ၂ နှစ်ပြည့်အခမ်းအနားကို မတ်လ ၂၈ ရက်ဒီနေ့မှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို ကနီမြို့နယ်ထဲက ဒေသခံပြည်သူ ၃၀၀ နီးပါးတက်ရောက်ခဲ့ပြီး၊ ကျဆုံးသွားတဲ့ ရဲဘော်သဉ္ဇာဟိန်းအပါအဝင် နွေဦးသူရဲကောင်းတွေကိုမမေ့ဖို့၊ အာဇာနည်စိတ်ဓာတ်မွေးမြူဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့တာလို့ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုမှ တာဝန်ရှိသူက ပြောပါတယ်။

“အခုလို အောက်မေ့ဖွယ်အခမ်းအနားလုပ်တာ ပထမအကြိမ်ပါ။ အရင်နှစ်က လုပ်ချင်ပေမယ့် နယ်မြေအနေအထားအရ မလုပ်ဖြစ်လိုက်ပါဘူး” လို့ ဆိုပါတယ်။

ဒီအခမ်းအနားပြီးတဲ့နောက်မှာတော့ ကနီမြို့နယ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက သမဂ္ဂစာကြည့်တိုက်တခုကို သဉ္ဇာဟိန်း ၂ နှစ်ပြည့်အောက်မေ့ဖွယ်အဖြစ် အခမ်းအနားပြုလုပ်တဲ့ရွာမှာပဲ ဖွင့်လှစ်ခဲ့ပါသေးတယ်။

မသဉ္ဇာဟိန်းဟာ ဒုတိယနှစ် သူနာပြုသင်တန်းကျောင်းသူတဦး ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် မတ်လ ၂၈ ရက်က မုံရွာမြို့၊ ရတနာပုံရပ်ကွက်မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသပေးနေရင်း သူ့ရဲ့နောက်စေ့ကို ကျည်ဆံထိမှန်ကာ ကျဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။