အိန္ဒိယကသည်းသူပုန်တွေပါတဲ့စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံး

0 22
0 22

တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်း ၇ ဦးဖမ်းမိ

ကလေး၊ စက်တင်ဘာ ၁၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်အဖွဲ့ကို တော်လှန်ရေးတပ်တွေက စက်တင်ဘာ ၂ ရက်မှာ တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိပြီး လက်နက်ခဲယမ်းနဲ့သုံ့ပန်းတွေလည်း ဖမ်းဆီးသိမ်းမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက စက်တင်ဘာ ၁၁ ရက် ဒီကနေ့မှာထုတ်ပြန်လာပါတယ်။

စက်တင်ဘာ ၂ ရက်မှာ ကလေးခရိုင်ကွပ်ကဲရေးမှူးဦးစီးတဲ့ ကလေးခရိုင် အမှတ် (၁၊ ၃၊ ၄) တပ်ရင်း၊ အထူးလှုပ်ရှား (၅၊ ၆) တပ်ရင်း၊ ကလေးမြို့နယ် ပကဖ၊ ကလေးဝမြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ၊ ကလေးခရိုင် အထူးစစ်ကြောင်း၊ ကလေးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နဲ့ Zoland PDF ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံ့ပန်း ၇ ဦး ဖမ်းဆီးရမိပြီး အလောင်း ၄ လောင်းနဲ့ လက်နက် ၅ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းဆီက MA1 ၃ လက်၊ MA3 ၁ လက်၊ MA11 ၁ လက်၊ 7.62 ကျည် ၂၇၇ တောင့်၊ 5.56 ကျည် ၈၉ တောင့်၊ RPG ဗုံးသီး ၁ လုံး၊ RPG ပို့ယမ်း ၃ ခု၊ နင်းမိုင်း ၁၂ ခလုံး၊ မိုင်းရှင်းစက် ၁ ခု၊ ကျည်အိမ်မျိုးစုံ ၁၉ ခုနဲ့ မူးယစ်ဆေး အမျိုးအစား ၃ မျိုး သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကော်မရှင်ဘက်က ဒကစ (ကလေး) လက်အောက်ခံ တတက-၁၀ မှ ဗိုလ်မှူး ရဲမျိုးမင်း၊ ဗိုလ်ကြီး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး နိုင်းဝင်းစိုးတို့ ဦးစီးတဲ့ ခမရ ၃၆၁၊ ၃၆၂၊ ၃၆၃၊ ဆသရ-၆၊ ခလရ ၈၇၊ ၂၂၉၊ SNA၊ အိန္ဒိယနိုင်ငံသားတွေဖြစ်တဲ့ ကသည်း (ULFA)နဲ့ နာဂ (NSAC) သူပုန်တပ်ဖွဲ့ အင်အား ၁၃၀ ခန့် ထိုးစစ်ဆင်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းတွေနဲ့ ဗုံးချတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကာ စစ်ကော်မရှင်တပ်ဟာ ကလေးခရိုင်အတွင်းကသည်း – ULFA နဲ့ နာဂ – NSAC သူပုန်တပ်ဖွဲ့တို့ကို ယခုနှစ် ဩဂုတ်လကစတင်အသုံးပြုခဲ့ပြီး ၎င်းအဖွဲ့တွေဟာ ဩဂုတ်လအတွင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း ခန္တီးခရိုင်အတွင်းမှ စုန်ဆင်းလာသော သင်္ဘောတွေနဲ့ လိုက်ပါခဲ့တယ်လို့ လည်း ဆိုပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းဟာ ဩဂုတ် ၆ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပြီး ဩဂုတ် ၁၅ ရက်မှာလည်း စစ်ကော်မရှင်ဘက်က သုံ့ပန်း ၁ ဦး၊ အလောင်း ၃ လောင်းနဲ့ လက်နက်မျိုးစုံ ၁၀ လက် တို့ကို တော်လှန်ရေးတပ်တွေဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။