ထိုင်းဝန်ကြီးချုပ်အသစ်ကို ဂုဏ်ပြုပြီး နှစ်နိုင်ငံပြည်သူလူထုအကျိုးစီးပွားမြှင့်တင်ရေး လက်တွဲဆောင်ရွက်မယ်လို့ NUG ပြော

0 25
0 25

မြေလတ်အသံ၊ ဩဂုတ် ၂၀၊ ၂၀၂၅။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အသစ် မစ္စတာ အနုထင် ချန်ဝီရကွန်း ကို ဂုဏ်ပြုပြီး နှစ်နိုင်ငံအကျိုးစီးပွားမြှင့်တင်ရေး လက်တွဲဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG က ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာလ ၉ ရက် ဒီကနေ့မနက်ပိုင်းမှာ ထုတ်လွှင့်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ရဲ့ “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း”အစီအစဉ်မှာ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။

ထိုင်းနိုင်ငံရဲ့ ၃၂ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာတဲ့ မစ္စတာ အနုထင် ချန်ဝီရကွန်း ကို ဂုဏ်ပြုစကား ပြောဆိုခဲ့ပြီး နှစ်ပေါင်း ၇၇ နှစ်နီးပါးရှိခဲ့တဲ့ မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြန်လည်တည်ဆောက်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေနဲ့ နယ်စပ်လုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို တိုက်ဖျက်နိုင်ရေး၊ နှစ်နိုင်ငံပြည်သူလူထုရဲ့အပြန်အလှန်အကျိုးစီးပွားကို မြှင့်တင်နိုင်ရေးတို့အတွက် ထိုင်းနိုင်ငံနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ ကတိကဝတ်ပြုကြောင်း ဦးနေဘုန်းလတ်က ပြောပါတယ်။

မစ္စတာ အနုထင် ချန်ဝီရကွန်း ဟာ ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး အမျိုးသမီးဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ် ရာထူးက ဆိုင်းငံ့ရပ်ဆိုင်းခဲ့ပြီးတဲ့နောက် လွှတ်တော်အတွင်း မဲပေးရွေးချယ်မှုမှာ အ နိုင်ရပြီး နိုင်ငံ၏ ၃၂ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာအနေနဲ့ စစ်ကော်မရှင်တပ်ကို လက်တွေ့ကျကျ ဖိအားပေးကြဖို့ NUG အစိုးရက တိုက်တွန်းကြောင်းကိုလည်း အဲ့ဒီအစီအစဥ်မှာ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။