စစ်ရှောင်နဲ့ PDF အတွက် ထိုင်းက ရံပုံငွေရှာပွဲမှာ ကျပ်သိန်း ၇၀ နီးပါးရရှိ

0 5
0 5

မြေလတ်အသံ၊ မတ် ၂၁၊ ၂၀၂၃။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စမုဆခွန်နယ်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားများက PDF နဲ့ စစ်ရှောင်အတွက် ရံပုံငွေ ကျပ် သိန်း ၇၀ ဝန်းကျင်ကို ရှာပေးနိုင်ခဲ့ပါတယ်။

မတ်လ ၁၉ ရက်နေ့က ဘန်ကောက်မြို့ စမုဆခွန်ခရိုင် ဖိကစင်(122) တိုက်စိမ်းမိသားစုက ဦးစီးကျင်းပခဲ့တဲ့ စစ်ဘေးရှောင်တရားပွဲနဲ့ ရံပုံငွေ ဘောလုံးပြိုင်ပွဲကနေ မြန်မာအလုပ်သမားတွေဆီက စုစုပေါင်းအလှူငွေ ဘတ် (၈၅၀၀၀)၊ မြန်မာကျပ်အားဖြင့် သိန်း (၇၀) ဝန်းကျင် ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီကရရှိတဲ့ ရံပုံငွေ သိန်း ၇၀ ဝန်းကျင်ကို စစ်ကိုင်း၊ မုံရွာထဲက PDF နဲ့ စစ်ရှောင်ပြည်သူတွေအတွက် လှူဒါန်းသွားမယ်လို့ ထိုင်းအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် တာဝန်ခံ ကိုရှိုင်းဆီက သိရပါတယ်။

“ပြည်သူတွေအတွက် ခွန်အားဖြစ်အောင် ကျနော်တို့တွေ ရေခြားမြေခြားမှာ သွေးမအေးဘဲ ရတဲ့အလုပ်ကိုလုပ်ပြီး ကူညီနေတာပါ” လို့ ကိုရှိုင်းက မြေလတ်အသံကို ပြောပါတယ်။

တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ ပြည်သူတွေကို တော်လှန်ရေး စိတ်ဓာတ်မကျဖို့၊ သွေးမအေးစေဖို့ ပြည်တွင်းမှာအလှူရှင်တွေ အားနည်းလာနေပေမယ့် ပြည်ပကနေ ကျနော်တို့တွေ အခက်ခဲကြားကနေ ကိုယ်တတ်နိုင်သလောက် လုပ်ဆောင်ပေးနေတာပါလို့ သူက ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စမုဆခွန်အရပ်မှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားတွေ စုပေါင်းပြီး PDF နဲ့ မီးဘေး၊ စစ်ဘေး ပြည်သူတွေအတွက် ရံပုံငွေပွဲတွေကို မကြာခဏ ပြုလုပ်နေပြီး အခု ရံပုံငွေပွဲအပါအဝင် စုစုပေါင်း ကျပ်သိန်း ၁၀၀၀ ကျော်ဖိုး ရှာပေးခဲ့တာ ဖြစ်ပါတယ်။

စာတည်း – ဇို

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။