11 July 2026 1:10 PM

လာအိုရောက်မြန်မာတွေက ပုလဲနယ်က စစ်ရှောင်တွေကို လှူဒါန်း

0 5
0 5

ပုလဲ၊ မတ် ၁၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အနောက်ဘက်က စစ်ရှောင်မိသားစုတွေကို မတ်လ ၈ ရက်မှာ အလှူရှင်တွေရဲ့ကိုယ်စား သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ Peal Jokers အဖွဲ့ဆီက သိရပါတယ်။

လာအိုနိုင်ငံရောက်မြန်မာပြည်သူတွေက ကျပ်သိန်း ၅၀ တန်ဖိုးရှိ အဝတ်အထည်နဲ့စောင်တွေ လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။

“အဓိကကတော့ နေအိမ်မီးရှို့ဖျက်ဆီးခံထားရတဲ့ ပြည်သူတွေဆီကို သွားရောက်လှူဒါန်းခဲ့တာပါ။ စစ်ဘေးရှောင်စခန်းရယ်လို့ သီးသန့်မရှိဘဲ တောထဲမှာ တဲထိုးနေကြသူတွေကို လှူဒါန်းခဲ့တာပါ” လို့ Pale Jokers PDF ရဲ့တပ်ရင်းမှူး ဗိုလ်ပုလဲက ပြောပါတယ်။

ဒါ့အပြင် Pale Jokers အနေနဲ့ စစ်ရေးတင်းမာတဲ့ကာလတွေမှာလည်း စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာတွေ ပြန်လည်ထောက်ပံ့ခဲ့တာတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ စစ်တပ်ရဲ့စစ်ကြောင်းထိုး မီးရှို့မှုတွေကြောင့် ပုလဲမြို့နယ်အနောက်ဘက်ခြမ်းရှိ တောတိုက်တွေထဲမှာ တိမ်းရှောင်နေရတဲ့ စစ်ရှောင်ဦးရေ ၂၀၀၀ ဦးလောက် ရှိတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။