ပခုက္ကူမှာ စစ်တပ်ကိုဆပ်ကြေးကောက်ပေးနေတဲ့ ပျူခေါင်းဆောင်ဆိုသူ ပစ်သတ်ခံရ

0 5
0 5

ပခုက္ကူ၊ မတ် ၈၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မန်ကျည်းပင်ပုအုပ်စု၊ ကျွန်းအိုကျေးရွာရှိ ပျူစောထီးခေါင်းဆောင်ဆိုသူကို မတ်လ ၇ ရက်မ‌နေ့က ည ၁၀ နာရီ ၄၅ မိနစ်မှာ ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၄၀ နှစ်အရွယ် ကိုစိုးမြင့်သန်းဖြစ်ပြီး၊ စစ်တပ်ကို ငွေကြေးကောက်ခံပေးနေတာအပြင် ပြည်သူတွေကိုလည်း အနိုင်ကျင့်ပြောဆိုတာတွေရှိတဲ့အတွက် နေအိမ်မှာပဲ ပစ်ခတ်ခဲ့တာလို့ Young Force – UG တာဝန်ခံက ပြောပါတယ်။

“သူက ကျေးရွာပြည်သူတွေကို ခြိမ်းခြောက်တယ်။ စစ်ကောင်စီကို လစဉ်ဆပ်ကြေးကောက်ပေးတယ်။ ပြည်သူတွေကို အနိုင်ကျင့်ဗိုလ်ကျနေတာ။ အဲဒါကြောင့် ကျနော်တို့ဝင်ရောက်ရှင်းလင်းတာ။ အစကတော့ အရှင်ဖမ်းဖို့ပါ။ သူ့ကိုရှင်းတဲ့အချိန် လက်နက်ချဖို့ ပြောတဲ့အခါမှာ လက်နက်မချဘဲ ပြန်ခုခံပြီးထွက်ပြေးလို့ အဲဒီမှာပဲ သေနတ်နဲ့ ပစ်ရှင်းလင်းလိုက်တာ” လို့ ပြောပါတယ်။

ရှင်းလင်းပြီးနောက် ကိုစိုးမြင့်သန်းဆီက 5.56 ကပစထုတ် ကျည် ၁၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ မှတ်ပုံတင်နဲ့ ကီးပတ်ဖုန်း ၂ လုံးကို သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။

ဒီလုပ်ဆောင်မှုကို Young Force -UG၊ ညီနောင်သုံးဖော်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ – ရေစကြိုနဲ့ Taung Latt PDF-YSO တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်ကလည်း ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို Young Force -UG အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။