တိုက်ပွဲမရှိတဲ့ရက်တွေမှာ ခြင်းလုံးခတ်၊ ဘောလုံးကန်၊ စာဖတ်ပြီး အနားယူလေ့ရှိတဲ့ PDF ရဲဘော်များ

0 7
0 7

ပခုက္ကူ၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အခြေစိုက်၊ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ MRG တပ်ဖွဲ့ဟာ တိုက်ပွဲမရှိတဲ့ရက်တွေမှာ ခြင်းလုံးခတ်ခြင်း ၊ ဘောလုံးကန်ခြင်း နဲ့ စာဖတ်ခြင်းတွေကို ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

အားလပ်ရက်တွေမှာ ထိုင်စရာ ဘီယာဆိုင်မရှိသလို၊ Bar တို့ Clubတို့လည်းသွားစရာမရှိတဲ့အတွက် စခန်းမှာရှိတဲ့စာကြည့်တိုက်မှာ လူတိုင်းစာဖတ်ရတယ်လို့ မြေလတ်‌ဒေသပြောက်ကျားတပ်ဖွဲ့မှ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်မဲကြီးက ပြောပါတယ်။

“တိုက်ပွဲရှိရင်တိုက်ပွဲသွားမယ်။ တိုက်ပွဲမရှိရင်စာဖတ်မယ်။ စာကြည့်တိုက်ကတော့နေ့စဥ်ဖွင့်ပါတယ်။ ခြင်းခတ်ဘောလုံးကန်ကတော့ ညနေပိုင်းတိုက်ပဲမရှိချိန်တွေဆို နေ့စဥ်ပုံမှန်ကစားဖြစ်ကြပါတယ်။ အားလပ်ရက်တွေမှာလည်း ခွင့်ပြုချက်မရရင် အရက်သေစာ သောက်လို့မရပါဘူး” လို့ ဆိုပါတယ်။

မြေလတ်ဒေသပြောက်ကျားတက်ဖွဲ့ (MRG) ရဲ့တာဝန်ခံတွေဟာ စာပေ၊ အနုပညာသမားတွေဖြစ်တဲ့အတွက် စခန်းထဲမှာ စာကြည့်တိုက်အသေးစား ဆောက်လုပ်ထားတယ်လို့ ဆိုပါတယ်။

စာကြည့်တိုက်ဖွင့်လှစ်ထားပြီးနောက်ပိုင်း စခန်းထဲကရဲဘော်တွေ အမှားလုပ်တဲ့အချိန်တိုင်း တာဝန်ခံတွေက အပြစ်ပေးတဲ့အနေနဲ့ ထိပ်တုံးခတ်ပြီး စာဖတ်ခိုင်းတယ်လို့ အထက်ပါ တာဝန်ခံရဲဘော်မဲကြီးက ဆက်ပြောပါတယ်။

“အစကတည်းက စာကြည့်တိုက်သဘောမျိုးမဟုတ်သေးခင်ကတည်းက ရဲဘော်အားလုံးစာဖတ်ရတယ်။ ကျတော်တို့ဒီဖက်စခန်းသစ်စရောက်တော့စာကြည့်တိုက်ပါ တခါတည်းဆောက်ထားလိုက်တာ။ ရဲ‌ဘော်တွေ ညကင်းငိုက်လို့ ပြစ်ဒဏ်ပေးထားချိန်ဆိုရင် စာအုပ်ဖတ်ခိုင်းတယ် “ လို့ ဆိုပါတယ်။

မြေလတ်ဒေသပြောက်ကျား (MRG)တပ်ဖွဲ့ရဲ့ စခန်းသစ်မှာ စာကြည့်တိုက်ဆောက်လုပ်ထားတာဟာ တနှစ်ကျော်ရှိပြီးဖြစ်ကြောင်းနဲ့ ရဲဘော်တွေကိုလည်း စာဖတ်ပြီးအပြစ်ပေးတာဟာ စာကြည့်တိုက်ဖွင့်ပြီးကတည်းကလို့ ပြောပါတယ်။

ဖေဖော်ဝါရီ (၁၃ )ရက် ဗိုလ်ချုပ်အောင်ဆန်း မွေး‌နေ့တုန်းကလည်း မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ဟာ တောတွင်းစခန်းထဲမှာ ပဲပြုတ်နံပြားကို ကိုယ်တိုင်လုပ်စားခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။