11 July 2026 12:41 PM

ရေတာရှည်တိုက်ပွဲမှာ အရာရှိအလောင်းတွေကောက်သွားပြီး တပ်သားအလောင်းတွေထားခဲ့

0 7
0 7

ရေတာရှည်၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဇရစ်ရိုးကုန်းကျေးရွာနဲ့ ပိန်းသီလာကျေးရွာ အနောက်ဘက် စစ်တောင်းမြစ်ဘေး တိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိတွေအပါအဝင် ၃၀ ကျော်သေဆုံးခဲ့ပြီး အရာရှိတွေရဲ့ အလောင်းတွေကိုသာ ပြန်ကောက်သွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်က ကျေးရွာတွေဘက်ကို မီးရှို့ဓါးပြတိုက်ပြန်လာတဲ့ စစ်သားအင်အား ၁၀၀ ကျော်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ အရာရှိ​တွေ အပါအဝင် ထိခိုက်သေဆုံးများပြားခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။

“ဖြစ်ခဲ့တာကတော့ ပွဲကြီးပါပဲ။ တိုက်ပွဲက ၄ နာရီကျော်လောက်ဖြစ်ခဲ့တယ်။ သူတို့ ရွာတွေကို မီးရှို့ သိမ်းဆည်းပြီးပြန်လာတာကို ကြားဖြတ်တိုက်ခိုက်တာ။ တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စကစ အရာရှိတွေကိုတော့ ​သူတို့ဘက်က ပြန်ကောက်သွားတယ်လို့ သိရတယ်။ အခြားအဆင့် အလောင်းတွေဘဲ ကျန်ခဲ့တယ်။ “လို့ ပြောပါတယ်။

တိုက်ပွဲအပြီး မြေပြင်မှာ တွေ့ရတဲ့ တပ်သားအလောင်း ၇လောင်းသာတွေ့ရပြီး ကျန်တပ်သားတွေက ဆေးရုံရောက်မှ သေဆုံးတာတွေဖြစ်တယ်လို့ ဖရဲသီးသတင်းပေးနဲ့ မြေပြင်အချက်အလက်တွေအရ ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေဆီက MA3 သေနတ် ၄လက်၊ MA11 ၂လက်၊ MA2 ၁လက်၊ ကျည်ဘောက် ၁၈ခု၊ ကျည် ၅၂၀တောင့် ၆၀မမ ဗုံးသီး၂လုံး အပြင် ရိက္ခာနဲ့ဆက်စပ်ပစ္စည်းတွေကို PDF ဘက်က သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

အဲဒီအပြင် ပြည်သူပိုင်နေအိမ်တွေကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဓားပြတိုက်ခိုးယူလာတဲ့ လက်ကောက် ၂ကွင်း၊ ဆွဲကြိုး ၁ကုံး၊ လက်စွပ် ၁ကွင်း၊ ဖုန်း ၃လုံးတို့ကိုပါ ထပ်မံသိမ်းဆည်းရရှိခဲ့ပြီး လက်ဝတ်ရတနာတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို မူလပိုင်ရှင်ထံပြန်ပေးဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။