myaelatt athan

Sharing Information to the Local

၅ ရက်အတွင်း နတ်ရေကန်ဗျူဟာစခန်းက စစ်ကောင်စီတပ်သား ၂၃ ဦးကိုဖမ်းမိ (ရုပ်/သံ)

မြေလတ်အသံ၊ ဇွန် ၁၃၊ ၂၀၂၅။

မကွေးတိုင်း၊ ငဖဲမြို့နယ်အပိုင် အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်ဗျူဟာကုန်းစခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ ဦးကိုဖမ်းမိထားတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho)ဆီက သိရပါတယ်။

အဆိုပါ ၂၃ ဦးကို ဇွန် ၈ ရက်ကနေ ဇွန် ၁၂ ရက်အတွင်းဖမ်းမိခဲ့တာဖြစ်ပြီး နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း (ဗျူဟာကုန်း)အနီး မီတာ ၁၅၀၀ ပတ်လည် နတ်ရေကန်လမ်းဟောင်းကို ဖြတ်တောက်တိုက်ခိုက်ရေးလုပ်ဆောင်နေစဉ် ဖမ်းမိခဲ့တာလို့ဆိုပါတယ်။

“ကျနော်တို့ ဖမ်းဆီးရမိတဲ့သူတွေကိုတော့ သူတို့သွားလိုရာနေရာတွေကို တန်းပြီးတော့ပို့ဆောင်ပေးတာကိုတော့ ဘယ်တော့မှမလုပ်ပါဘူး။ ဒီလိုပဲစစ်သုံ့ပန်းအတိုင်းပဲ ဖမ်းဆီးချုပ်နှောင်ထားမှုမျိုး လုပ်ထားပါတယ်”လို့ ချင်းကာကွယ်ရေးတပ် – အရှိုမှ တာဝန်ခံ ဆလိုင်းရိုးချင်းက ပြောပါတယ်။

ဖမ်းခံထားရသူတွေဟာ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မပေါ်တာဆွဲခံရပြီးနောက် စစ်မှုထမ်းနေရသူတွေဖြစ်တယ်လို့သိရပြီး သူတို့ဆီကနေ MA 1 ၅ လက်၊ MA 3 ၃ လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆလိုင်ရိုးချင်းက ဆိုပါတယ်။

အလားတူ နတ်ရေကန်ဗျူဟာကုန်းစခန်းမှ ရှေ့တန်းကာကင်းတာဝန်ထမ်းဆောင်နေချိန် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကိုလည်း လက်နက်ခဲယမ်းတွေနဲ့အတူ ဇွန် ၄ ရက်မှာ ချင်းကာကွယ်ရေးတပ် – အရှိုက ဖမ်းမိခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်မ ၈၈ နဲ့ ၉၉ တပ်တွေ အထိုင်ချထားတဲ့ နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော်-AAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဇွန် ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း ၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။