ငွေတိုးချေးစားသူ အမျိုးသမီး ၁ ဦး ပစ်ခတ်ခံရလို့သေဆုံး

0 1
0 1

မကွေး၊ ဒီဇင်ဘာ ၂၆၊ ၂၀၂၂။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ အမှတ်(၆)ရပ်ကွက်၊ ၁၀ လမ်းနဲ့ ၁၁ လမ်းကြားမှာ ငွေတိုးချေးစားသူ အမျိုးသမီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီခန့်မှာ အမှတ်(၆)ရပ်ကွက်၊ မြိုင် ၉ လမ်းနေ ဒေါ်မြင့် ၆၃ နှစ်ကို သေနတ်သမားတွေက နေအိမ်ကနေခေါ်သွားပြီး ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သိရသလောက်က သူကဒလန်ဆိုပြီးလည်း သတင်းထွက်နေတယ်။ ငွေတိုးလဲချေးစားတယ်။ လမ်းမှာပစ်ခတ်ခံရတာ။ ပစ်ခတ်ခံရတဲ့နေရာမှာဘဲ သေနေတာ။ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့်လား ဘာကြောင်ပစ်သတ်ခံရတယ်ဆိုတာတော့ အတိအကျမပြောနိုင်ဘူး” လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ဒေါ်မြင့်မှာ ယာလက်မောင်း၊ ဝဲဘက်ကျော၊ ယာဝမ်းဗိုက်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေရပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေရောက်လာပြီး စစ်ဆေးမှုတွေပြုလုပ်ကာ အလောင်းကို ပခုက္ကူဆေးရုံကို ယူဆောင်သွားတယ်လို့ သိရပါတယ်။

ညပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဟာ အမှတ်(၅)၊ အမှတ်(၆)ရပ်ကွက်တွေကို ဧည့်စာရင်းစစ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က ဘာကြောင့်လုပ်တယ်ဆိုတာ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ဒီဇင်ဘာလ ၃ ရက်နေ့လည်ပိုင်းမှာလည်း အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဌေးနေအိမ်ကို လူငယ် ၂ ဦးကဝင်လာပြီး ဓါးနဲ့ထိုးခုတ်လို့ အုပ်ချုပ်ရေးမှူး ဦးဇော်ဌေး ဒဏ်ရာရကာ အုပ်ချုပ်ရေးမှူးရဲ့ မိတ်ဆွေ ဓားဒဏ်ရာကြောင့်သေဆုံးသွားခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။