မန္တလေးက စီးပွားရေးဘဏ် ဗုံးခွဲခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံး

0 1
0 1

မန္တလေး၊ ဒီဇင်ဘာ ၂၆၊ ၂၀၂၂။

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ် ၃ ရှေ့ရှိ လုံခြုံရေးစောင့် စစ်ကောင်စီဘန်ကာကို လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ No More Distatorship People Defence Defence Force – NMD ဆီက သိရပါတယ်။

အောင်မြေသာစံမြို့နယ်၊ ၂၆ ဘီလမ်း၊ ၈၅ လမ်းနဲ့ ၈၆ လမ်းရှိ မြန်မာ့စီးပွားရေးဘဏ် ၃ ကို ဒီဇင်ဘာလ ၂၅ ရက်မနေ့က နေ့လယ် ၁၁ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အင်အား ၇ ဦးရှိတဲ့အနက် ၂ ဦးသေဆုံးခဲ့တာလို့ NMD ရဲ့ တာဝန်ရှိသူကပြောပါတယ်။

“ဆိုင်ကယ်ပေါ်ကနေ မောင်းရင်းပစ်တာ။ စစ်သားတယောက်နဲ့ ရဲတယောက်သေတယ်။ လဲသွားတဲ့ကောင်ကို တရွတ်တိုက်ဆွဲခေါ်သွားတယ်။ လက်ပစ်ဗုံးနဲ့ပစ်တဲ့ချိန်တုန်းကတော့ သူတို့ဘက်က သေနတ် ၆ ချက် ၇ ချက်ပြန်ပစ်တယ်။ နာရေးကားရော လူနာတင်ယာဥ်ရော သွားတယ်” လို့ NMD ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို No More Dictatorship People Defence Force – NMD နဲ့ VOMDY–Front Warriors တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ရေးရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ သိရပါတယ်။

NMD အဖွဲ့ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၁ ရက်နေ့လယ်ကလည်း မန္တလေးမြို့၊ အမှတ် ၁၀ ချမ်းမြသာစံမြို့နယ်ရဲစခန်းလိုင်းခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။