myaelatt athan

Sharing Information to the Local

PDF ရှေ့တန်းကင်းစခန်းကိုရောက်လာတဲ့ ပျူစောထီးတဦး ပစ်သတ်ခံရ

ကြို့ပင်ကောက်၊ ဇွန် ၉၊ ၂၀၂၅။

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ ပျူစောထီး ၁ ဦးကိုပစ်ခတ်ရာ သေဆုံးခဲ့တယ်လို့ ဇွန် ၉ ရက်ဒီကနေ့မှာ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သေဆုံးသူမှာ ကြို့ပင်ကောက်မြို့၊ စက်တိုင်ရပ်ကွက်နေ အသက် ၃၀ အရွယ် အေးမျိုးအောင်ဖြစ်ပြိး ဇွန် ၇ရက်မနက် ၁၀ နာရီကျော်က ရှေ့တန်းကင်းစခန်းမှာတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးစစ်ဆေးနေချိန် ထွက်ပြေးခဲ့တာကြောင့် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“အေးမျိုးအောင်က တပ်ဖွဲ့တွေရှေ့ကင်းစခန်းထဲကို ရောက်လာတာ။ မသင်္ကာလို့ခေါ်ယူစစ်ဆေးတာ။ ကြိုးမချည်ပါဘူး။ စစ်ဆေးနေတုန်း သူကပျူစောထီးလို့သိရတာ။ သိတော့ ရဲဘော်တယောက်က သူ့ကို ကြိုးတုပ်ဖို့ပြင်နေတာ အဲ့မှာ ရုန်ကန်ထွက်ပြေးတာ။”လို့ အမှတ်(၁)တိုက်ခိုက်ရေးတပ်ဖွဲ့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အေးမျိုးအောင်ဟာ တဦးတည်း ဆိုင်ကယ်နဲ့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ရှေ့တန်းကင်းစခန်းနေရာကို ရောက်ရှိလာချိန် မသင်္ကာလို့ခေါ်ယူစစ်ဆေးရာ ၎င်းမှာ ပျူစောထီအဖွဲ့ဝင်ဖြစ်ပြီး စစ်သင်တန်း ၁ လတက်ခဲ့ရကြောင်း၊ စက်တိုင်ရပ်ကွက်အတွင်းမှာ သူအပါအဝင် ပျူစောထီး ၈ ဦးရှိပြီး စစ်ကောင်စီတပ်က သေနတ် ၅ လက်ပေးထားကြောင်း စစ်ဆေးချိန်ထွက်ဆိုခဲ့တယ်လို့ သူကဆိုပါတယ်။

ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ရှေ့တန်းကင်းစခန်းဧရိယာအတွင်းကို ဝင်ရောက်လာရတာဟာလည်း စစ်ကောင်စီတပ်က အမိန့်ပေးခိုင်းစေမှုကြောင့် ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြောင်း သိရပါတယ်။

ဇွန် ၈ ရက် ညနေ ၅ နာရီခွဲမှာလည်း လယ်ကွင်းထဲစပါးပက်နေတဲ့ ကြို့ပင်ကောက်မြို့နယ်၊ ဗောဓိကုန်းကျေးရွာက ပျူစောထီးခေါင်းဆောင်အုပ်ချုပ်ရေးမှူး အသက် ၅၀ နှစ်အရွယ် မောင်ညိမ်းဆိုသူကို BTZM GBK – PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ကပစ်ခတ်ရာ သေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။