myaelatt athan

Sharing Information to the Local

ပခုက္ကူမှာ မသန်စွမ်းအမျိုးသား ၁ ဦးအပါအဝင် ၃ ဦးကို စစ်တပ်က သေနတ်နဲ့ပစ်သတ်

0
0

မကွေး၊ ဧပြီ ၉၊ ၂၀၂၂။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ စညောင်းရွာက မသန်စွမ်းအမျိုးသား ၁ ဦးအပါအဝင် ၃ ဦးကို ဧပြီ ၈ ရက် မနေ့က ညပိုင်းမှာ စစ်ကောင်စီတပ်တွေက သေနတ်နဲ့ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသက် ၃၀ အရွယ် မသန်းစွမ်းသူ ကိုသန်းဌေးဦး၊ အသက် ၂၈ နှစ်အရွယ် ကျောင်းဆရာမ ၁ ဦး နဲ့ သူရဲ့ အဖေတို့ကို ရွာအနောက်ဘက်ပိုင်းမှာ ည ၇ နာရီလောက်က ပစ်သတ်သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ ဆရာမအသက်က၂၈ ဝန်းကျင်ရှိတယ်၊ သူ့အဖေနဲ့ တောထဲက ခရမ်းချဉ်‌ခင်း စောင့်နေတာ စစ်သားတွေက ပစ်သတ်သွားကြတယ်။ သားဖနှစ်ယောက်လုံးပေါ့။ တစ်ယောက်က ရွှေအ၊ စကားမပြောတတ်၊ နားမကြားဘူး၊ ရွာအနောက်ဘက်ထန်းတောမှာ ထန်းတက်တာတွေ့တော့ ပစ်သတ်သွားကြတယ်၊ ရွာကလူတွေလည်း ပြေးနေရတော့ အခုမနက်မှသိရတယ်၊” လို့ သူကပြောပါတယ်။

အဲ့ဒီတပ်တွေဟာ စညောင်းရွာအနီးက မြစ်ဖျားရွာကိုနေ့လည်ပိုင်းမှာ မီ:ရှို့ဖျက်ဆီးခဲ့ပြီး၊ ညနေ ၆ နာရီလောက်မှ အင်းအား ၁၀၀ ကျော်နဲ့ ရွာထဲကိုစစစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်သလို နေအိမ်မီးရှို့တာတွေတော့ လုပ်မသွားဘူးလို့လည်း ဒေသခံတဦးက ဆက်ပြောပါတယ်။

စညောင်းရွာမှာ အိမ်‌ခြေ ၂၂၀ နဲ့ လူဦးရေ ၁၀၀၀ ကျော်နေထိုင်ပြီး၊ စစ်တပ်ကဝင်ရောက်လာချိန်ကတည်းက ရွာသားအားလုံးနီးပါးက တိမ်းရှောင်နေခဲ့ပြီး၊ လက်ရှိအချိန်ထိလည်း ရွာထဲကိုပြန်မဝင်ရဲကြသေးလူးလို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။