ရိက္ခာလာပို့တဲ့ စစ်အုပ်စုကို ပြည်ခရိုင် PDF ကြားဖြတ်တိုက်ခိုက်လို့ ၂ဦးသေဆုံး

0 1
0 1

ပဲခူး၊ ဧပြီ ၆၊ ၂၀၂၂။

ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ်က လဲပင်ကျေးရွာကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီအုပ်စုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ ကတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်အုပ်စုဘက်က ၂ဦး သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်း PDF အဖွဲ့ဆီက သိရပါတယ်။

ပေါင်းတည်မြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုက လဲပင်ကျေးရွာကို စစ်ကောင်စီအဖွဲ့က ဆိုင်ကယ် ၄စီးနဲ့ အဖွဲ့ဝင် ၈ဦးပါတဲ့ အဖွဲ့ကို တပ်ရင်း ၃၆၀၁ တပ်ခွဲ ၁က ဒီနေ့ နေ့လယ် ၂နာရီလောက်က ငရှည့်ကွင်းကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တိုင်း PDF တာဝန်ခံက ပြောပါတယ်။

” ပေါင်းတည်မြို့နယ် လဲပင်ရွာကို သိမ်ကုန်းက ရိက္ခာသွားပို့တဲ့ စကစ တပ်ဖွဲ့ကို အပြန်မှာ စောင့်ပြီးတိုက်ခိုက်တာပါ၊ လောလောဆယ် စကစ ၂ဦးသေတယ်လို့ ကနဦးသိရပါတယ်” လို့ ပြောပါတယ်။

လဲပင်ကျေးရွာကို စစ်ကောင်စီတပ်တွေ ပြီးခဲ့တဲ့ မတ်လ ၁၅ရက်က နေအိမ်တွေကို မီးရှို့ခဲ့ပြီး အဲ့ဒီနေ့ကစလို့ လဲပင်ရွာမှာ တပ်စွဲထားတာ ဒီနေ့အထိဖြစ်ပါတယ်။

ပဲခူးတိုင်း အတွင်းမှာ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တောင်ပိုင်းတိုင်း စစ်ဒေသ ကွပ်ကဲရေးအဖွဲ့အောက်ကနေ PDF တပ်ရင်း တပ်ဖွဲ့တွေ စနစ်တကျ ပေါ်ပေါက်လာပြီဖြစ်တယ်လို့ သိရပြီး အခုရက်ပိုင်းအတွင်း ပဲခူးတိုင်းအတွင်းမှာ စစ်ကောင်စီကို တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို တွေ့လာနေရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။