ပြည်မြို့မှာ မီးပုံမှန်မလာ စည်ပင်ရေ တင်မရလို့ ရေဝယ်သုံးနေရ

0 1
0 1

ပဲခူး၊ မတ် ၁၁၊ ၂၀၂၂။

ပဲခူးတိုင်း ပြည်မြို့မှာ လျှပ်စစ်မီးပုံမှန်မလာသလို စည်ပင်ကပေးတဲ့ ရေကိုလည်း လိုအပ်တဲ့ အချိန်တင်မရလို့ ဒေသခံတွေ ရေဝယ်သုံးနေရပါတယ်။

လျှပ်စစ်မီးက အချိန်အတိုင်းအတာနဲ့ ရရှိပြီး မီးရရှိတဲ့ အချိန်မှာရေတင်ရင်လည်း တင်မရတာ ရေအားနည်းတာမျိုးတွေ ဖြစ်နေလို့ ရေစည်နဲ့ ဝယ်သုံးနေရတယ်လို့ ပြည်မြို့ဒေသခံတဦးက ပြောပါတယ်။

” စည်ပင်ရေ မလာတာ အတော်ကြာပြီ တချို့ရပ်ကွက်တွေမှာ ရေလာပြန်တော့လည်း မီးမလာလို့ ရေတင်လို့မရတဲ့ဖြစ်ရပ်တွေ ဖြစ်နေပါတယ်” လို့ ရေဝယ်သုံးနေရတဲ့ ဒေသခံတဦးက ပြောပါတယ်။

ရေစည် ၁စည် ကို ၃၀၀၀ ကျပ်ပေးရပြီး မိသားစုများတဲ့ ‌အိမ်တွေက တစည်ကို ၁ရက်ပဲ အသုံးခံတယ်လို့ ပြောပါတယ်။

ရေစည်လှည်းတွန်းပြီးရောင်းတဲ့ သူတွေရှိသလို သုံးဘီးဆိုင်ကယ်တဲ့ ရေလိုက်ရောင်းတဲ့ လုပ်ငန်းတွေ လုပ်ကိုင်လာတာကိုလည်းတွေ့ရတယ်လို့ အဲ့ဒီဒေသခံကပဲ ပြောပါတယ်။

” ရေ ဝယ်သုံးနေရတာ ၅ရက် ရှိပါပြီမိသားစုများတဲ့အိမ်ဆိုလျှင် ရေတစည်ကို ၁ရက် ဘဲ အသုံးခံတယ်။ဒါတောင် တော်တော်လေး ခြိုးခြံချွေတာပြီး သုံးစွဲရတယ်၊ ကိုယ်ပိုင်အဝိစိတွင်းမရှိတဲ့အိမ်တွေကတော့ ရေဝယ်သုံးနေရပါတယ်” လို့ ပြောပါတယ်။

ဆံတော်ရပ်ကွက်၊ကျောင်းကြီးအိုးတန်းရပ်ကွက်၊နဝင်းရပ်ကွက်၊ရွှေကူရပ်ကွက်၊ဆင်စုရပ်ကွက် စတဲ့ရပ်ကွက်အများစုမှာ စည်ပင်ရေ မလာတာ၊လာတာ နည်းတာတွေ တွေ့နေရပြီး တချို့ရပ်ကွက်တွေမှာ အလှူရှင်တွေက ရေလှူဒါန်းတာမျိုးတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

“မီးကတော့အချိန်နဲ့လာပါတယ် အိမ်ကအဝီစိတွင်းဆို‌တော့ မီးလာရင်ရေတင်လို့ရပေမဲ့ကျန်တဲ့အိမ်လေးတွေက စည်ပင်ရေလာမှ အဆင်ပြေတာ၊ အဲဒါကြောင့် မီးသတ်ကား အလှူငွေထည့်ပြီး မြစ်ထဲကရေစုပ်ပြီး လာလှူပေးတာ” လို့ ရေအလှူရှင် တဦးက ပြောပါတယ်။

ပြည်မြို့မှာ လျှပ်စစ်မီးက တရက်ကို အများဆုံး ၈နာရီနီးပါးပဲ ရရှိပြီး အဲ့ဒီထက်နည်းဖို့ပဲရှိတယ်လို့ သိရပါတယ်။

” ညဘက် မီးလာရင် မနက် ၃နာရီဝန်းကျင်ဆိုရင် မီးပျက်ပြီ။ နေ့လည် ၁နာရီဝန်းကျင်ဆိုရင် မီးပြန်လာတတ်တယ်။၃နာရီဆိုလျှင် မီးကပြန်ပြတ်တယ်။မီးကလာလိုက် ပျက်လိုက်ဘဲ” လို့ ပြည်မြို့မှာ မီးရရှိတဲ့ အခြေအနေကို ရေဝယ်သုံးနေရတဲ့ ဒေသခံကပဲ ပြောပါတယ်။

နွေရာသီဖြစ်တဲ့ အပြင် ဓါတ်ဆီစျေးတွေ စံချိန်တင် မြင့်တက်နေတာကြောင့် မီးစက်မောင်းဖို့လည်း မတတ်နိုင်သလို့ စီးပွားလုပ်ငန်းတွေလည်း ရပ်နားထားရသူတွေ ရှိသလို မီး ၆ရက် ပြတ်မယ်ဆိုတဲ့ သတင်းတွေကြောင့် ပြည်သူတွေဒုက္ခ‌ရောက်နေကြတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။