10 July 2026 5:11 PM

PDF တဦးဖမ်းဆီးနှိပ်စက်ခံရပြီး ထွက်ပြေးဖို့ကြိုးစားချိန်ပစ်သတ်ခံရ

0 1
0 1

စစ်ကိုင်း၊ ဇန်နဝါရီ ၂၀၊၂၀၂၂။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆယ်ရွာမှာ ဒေါင်းစစ်သည် ရဲဘော်တဦးဖမ်းဆီးခံခဲ့ရပြီး လွတ်မြောက်ဖို့ကြိုးစားရင်း ပစ်သတ်ခံရကာ အလောင်းကိုလည်း မီးရှို့သွားတယ်လို့ သိရပါတယ်။

ကျောက်ရစ်က ထွက်လာတဲ့ စစ်ကောင်စီအင်အား ၄၀ကျော်ပါ စစ်ကြောင်းဟာ ဒီဇင်ဘာ ၂၀ရက် ဒီကနေ့ မနက်၅နာရီလောက်က ရွာထဲကိုဝင်လာချိန် ၇နာရီလောက်မှာ ရဲဘော်မြတ်သူအောင်နဲ့ ထိပ်တိုက်တွေ့ပြီး ဖမ်းခံလိုက်ရတာလို့ ဆိုပါတယ်။

မနေ့က ညကတည်းက ရွာခြေကိုကပ်ကာ မနက်အစောကြီးဝင်လာတဲ့အတွက် ဘယ်သူမှမသိလိုက်ဘဲ အငိုက်မိသွားကြတာဖြစ်တယ်လို့ 11brothers revolution forces ရဲဘော်တဦးက ပြောပါတယ်။

“သူက တခြားကနေ ရွာကိုပြန်လာတော့ ရွာမှာစခတွေဝင်နေတာကို သတင်းမထောက်မိပဲ ရွာကိုဝင်တဲ့ချိန် မိသွားတာ။ မသင်္ကာတာတွေ့ပြီး ဖမ်းဆီးရိုက်နှက်ရာကနေ လွတ်မြောက်ဖို့ရုန်းကန်ရင်း ပစ်သတ်ခံလိုက်ရတာ။ ပုံမမှတ်မိအောင် မီးရှို့သွားတယ်။”လို့ ပြောပါတယ်။

ပစ်ခတ်ခံရလို့ ရဲဘော်လည်းဖြစ် ဆံပင်ညှပ်ဆရာတဦးလည်းဖြစ်တဲ့ ကိုမြတ်သူအောင် အသက် ၂၅ ကျဆုံးခဲ့ပြီး အလောင်းကတော့ စစ်ကြောင်းပြန်ထွက်သွားချိန် ဝင်ကောက်ကာ မိခင်အဖွဲ့အစည်းက သဂြိုလ်ပြီးသွားပြီလို့ ဆိုပါတယ်။

ကိုမြတ်သူအောင်ဟာ ဖမ်းဆီးခံရစဉ် စစ်ကောင်စီတပ်သား လက်ထဲက သေနတ်ကိုလုကာ ထွက်ပြေးချိန် နောက်မှာပါလာတဲ့ စစ်သားက လိုက်ပစ်လို့ ကျဆုံးသွားတာလို့ ဒေသခံတချို့ပြောဆိုနေကြပေမယ့် မြေလတ်အသံအနေနဲ့တော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီဇင်ဘာ ၆ရက် မနက်၁၀နာရီခွဲကလည်း ကျောက်ရစ်အထိုင်စခန်းကထွက်လာတဲ့ အဲ့ဒီစစ်ကြောင်းကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့လို့ ၆ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။