တံတားဦးလေတပ်တိုက်ခိုက်မှုနဲ့ တိုက်ပွဲအတွင်း လေကြောင်းအုပ်မှူးနဲ့ ဗိုလ်မှုးကြီးအပါ ၈ ဦးသေဆုံး

0 12
0 12

တံတားဦး၊ စက်တင်ဘာ ၁၂၊ ၂၀၂၆။

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ တံတားဦးလေတပ်စခန်းကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ပြီးနောက် လေတပ်အနီးကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး နှစ်ဖက်သေဆုံးမှုတွေရှိခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့လယ် ၁ နာရီခွဲမှာ လေတပ်စခန်းက လေယာဥ်တွေကို PDF ပူးပေါင်းတပ်တွေက ဒရုန်းတွေနဲ့တိုက်ခိုက်ပြီးနောက် စစ်ကြောင်းထိုးလာတဲ့အဖွဲ့တွေနဲ့ နွားခြံကြီးကုန်း၊ အလယ်ရွာ၊ ချောင်းဂွ၊ ဘူးရောက်ကျေးရွာတွေအနီးမှာ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“သူတို့က အကုန်လိုက်ပိတ်တဲ့နေရာတခုမှာ ကျနော်တို့ဘက်က ကာကင်းတွေနဲ့ထိတွေ့မှုဖြစ်တာ။ လေကြောင်းရန်ဗျူဟာမှူးက အလယ်ရွာကျေးရွာအနီးမှာ လေကြောင်းရန်ယာယီနည်းဗျူဟာမှူး မှူးကြီး မျိုးလှိုင်ဦးပါ ၄၀ ကင်းလှည်အဖွဲ့နဲ့ဖြစ်တာမှာ သူအလောင်းတော့မရဘူး။ သူတိုအင်အားလည်း များတော့ အလောင်းမရဘူး။ သေတာက သေချာတယ်။ တိုက်ပွဲဖြစ်ချိန်မှာတော့ MI 35 နဲ့ကော ဂျိုင်ရိုကော်ပတာနဲ့ကော လှည့်ပတ်ပစ်တာရှိတယ်”လို့ တိုက်ပွဲပါ PDF တာဝန်ရှိက ပြောပါတယ်။

လေတပ်တိုက်ခိုက်မှုအတွင်း ဂျက်ဖိုက်တာ ၄ စီးထိကာ ၂ စီးပျက်စီးခဲ့ပြီး လေယာဥ်အုပ်မှူးအပါ စစ်သား ၃ ဦးသေဆုံးတဲ့အပြင် နွားခြံကြီးကုန်းနဲ့ အလယ်ရွာကျေးရွာအနီးတိုက်ပွဲမှာ ဗိုလ်မှူးကြီး မျိုးလှိုင်ဦးအပါ ၅ ဦးသေဆုံးကာ PDF ပူးပေါင်းတပ်တွေဘက်က ၃ ဦးသေဆုံးထားတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၁ ရက်မှာတော့ တိုက်ပွဲထပ်မဖြစ်တော့ပေမယ့် စစ်တပ်ဘက်က အင်အား ၈၀၀ ခန့်နဲ့ တံတားဦး၊ နွားထိုးကြီးအစပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေသလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတာလို့ သိရပါတယ်။

စစ်ကြောင်းထိုးလာတာနဲ့ တိုက်ပွဲဖြစ်တာတွေကြောင့် နွားခြံကြီးကုန်း၊ အလယ်ရွာ၊ ချောင်းဂွ၊ ဘူးရောက်ကျေးရွာတွေအပါအဝင် ကျေးရွာ ၇ ရွာခန့်က ဒေသခံပြည်သူထောင်ချီဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း တို့နှင့်အတူ မြင်းခြံခရိုင် အမှတ်၁၈၄၈ ဒရုန်း တပ်ဖွဲ့ (MDDS)၊ ရွှေဘိုခရိုင် ကွပ်ကဲရေး (၁)၊ ရွှေဘိုခရိုင် ကွပ်ကဲရေး (၂) မဟာမိတ်ပူးပေါင်းအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။