မလှိုင်၊ အောက်တိုဘာ ၂၈၊ ၂၀၂၆။
မန္တလေးတိုင်း၊ မလှိုင်မြို့၊ အမှတ် ၃ ရပ်ကွက်ရှိ “မျိုးအောင်” စက်ဘီးရောင်း/ဝယ် ရေးဆိုင် ဗုံးပစ်ခံရပြီး ဆိုင်အနီးက အဘွာအို ၁ ဦးသေဆုံးကာ စက်ဘီးလာဝယ်သူ အမျိုးသား ၁ ဥဦးဒဏ်ရာရသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အောက်တိုဘာလ ၂၆ ရက်နေ့ မနက် ၁၁ နာရီခန့်မှာ အဆိုပါ မျိုးအောင်စက်ဘီးဆိုင်ကို အမျိုးသား ၂ ဦး ဆိုင်ကယ်နဲ့ ဗုံးပစ်သွားခဲ့တယ်လို့ ဆိုပါတယ်။
“လာပစ်တာကတော့ ဆိုင်ထဲကို ဗုံးက ဆိုင်ထဲမဝင်သွားပဲ အရှေ့မှာတင်ကျပေါက်ကွဲတော့ စက်ဘီးလာဝယ်တဲ့သူ တယောက်နဲ့ အနားမှာ ရပ်စကားပြောနေသူ နှစ်ယောက်ထိတယ်။ တယောက်ကတော့ ဒဏ်ရာပြင်းလို့ ဆေးရုံအရောက်မှာ ဆုံးသွားတယ်”လို့ မြို့ခံတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲစထိမှန်တာကြောင့် အသက် ၈၅ နှစ်အရွယ် ဒေါ်ချိုတီမှာ ပြင်းထန်ဒဏ်ရာရပြီး၊ စက်ဘီးလာဝယ်သူ အသက် ၅၃ နှစ်အရွယ် ဦးဇော်မိုးမှာ ဒဏ်ရာအနည်းငယ်သာရရှိပြီး ရပ်ကွက်နေသူတွေက မလှိုင်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတာ ဖြစ်ပါတယ်။
ဒဏ်ရာရသူ ၂ ဦးအနက် ဒေါ်ချိုတီမှာ ဆေးကုသမှု ခံယူနေစဥ် ညနေပိုင်းမှာ သေဆုံးသွားခဲ့တာဖြစ်ပြီး အဆိုပါ ဗုံးပစ်မှုကို ဘယ်အဖွဲ့တွေက ဘာကြောင့် လုပ်ဆောင်တယ်ဆိုတာ အောက်တိုဘာလ ၂၈ ရက်နေ့အထိ သက်ဆိုင်ရာ အဖွဲ့တွေဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်နေ့ကလည်း မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာနေ အုပ်ချုပ်ရေးမှူးပါ ၁၂ ဦးကို တော်လှန်ရေးအဖွဲ့တွေက ကျေးရွာထဲမှာပင် ပစ်သတ်လို့ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။