⁩ ⁨တံတားဦး လေတပ်စခန်းတိုက်ခိုက်မှု အချိန် ၂ လကျော်ကြာ ပြင်ဆင်လေ့ကျင့်ထား (ရုပ်/သံ)

0 60
0 60

မြင်းခြံ၊ စက်တင်ဘာ ၁၂၊ ၂၀၂၆။

မြန်မာပြည်တဝှမ်း ပြည်သူ့တွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်အပါအဝင် သာသနိကအဆောက်အအုံတွေနဲ့ စာသင်ကျောင်း၊ ဆေးရုံတွေပါမကျန် လေကြောင်းကနေ နေ့စဥ်ဗုံးကြဲတိုက်ခိုက်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လေတပ်စခန်းတခုဖြစ်တဲ့ မန္တလေးတိုင်းထဲက တံတားဦးလေတပ်စခန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောာက်ခံ တော်လှန်ရေးတပ်ဖွဲ့တွေစုပေါင်းပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တံတားဦးလေတပ်စခန်းကို “အထူးစစ်ဆင်ရေး”အဖြစ် တိုက်ခိုက်ဖို့အတွက် အချိန် ၂ လကျော် ၃ လနီးပါး လေ့ကျင့်ပြင်ဆင်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောာက်ခံတပ်ဖွဲ့တွေထဲက အညာဒေသရဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ မြင်းခြံခရိုင်ထဲက အမှတ် (၄)တပ်ရင်း၊ အမှတ် (၁၀)တပ်ရင်း၊ အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့ တွေနဲ့ (MDDS)၊ ရွှေဘိုခရိုင်ထဲက ကွပ်ကဲရေး (၁)၊ ကွပ်ကဲရေး (၂) မဟာမိတ်ပူးပေါင်းအဖွဲ့တွေရဲ့ FPV (Drone) တွေနဲ့ ကြိုတင်ပြင်ဆင်လေ့ကျင့်ထားတဲ့အတိုင်း ပစ်မှတ်တွေကို စုပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ အဲဒီစစ်ဆင်ရေးမှာပါဝင်တဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

အဆိုပါ “အထူးစစ်ဆင်ရေး” တိုက်ခိုက်မှုကြောင့် တံတားဦး လေတပ်စခန်းထဲက တိုက်လေယာဥ် Jet Fighter (၄)စီး ထိမှန်ခဲ့ကာ အဲဒီအထဲက (၂) စီးမှာ ပျက်စီးခဲ့ပြီး လေယာဥ်ကွင်းမှာရပ်ထားတဲ့ ကားတစီးကို တိုက်ခိုက်ရာမှာတော့ လေတပ်အရာရှိ ၁ ဦးအပါ စုစုပေါင်း ၃ ဦး သေဆုံးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အထူးစစ်ဆင်ရေးအပြီးမှာ တံတားဦးလေတပ်စခန်းနဲ့ ကပ်လျက်မှာရှိတဲ့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားပြီး မန္တလေးလေဆိပ်မှာ ဆိုက်ရောက်၊ ထွက်ခွာမယ့် ပြည်တွင်းနဲ့ နိုင်ငံတကာလေကြောင်းခရီးစဉ်တွေကိုလည်း ယာယီရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။