⁩ ⁨အမြန်လမ်းမှာ အဌားယာဉ်မောင်းကို သတ်ပြီး ကားလုသွားသူ ရဲတပ်သားကို ဖမ်းမိထား

0 28
0 28

မိတ္ထီလာ၊ စက်တင်ဘာ ၈၊ ၂၀၂၆။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းဘေး မိုင်တိုင် ၂၇၉ အနီးမှာ လူသတ် ကားလုသွားသူက ရဲတပ်သားဖြစ်နေပြီး တရားခံကို ဖမ်းမိထားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံက သိရပါတယ်။

ပြစ်မှုကျူးလွန်သူက နေပြည်တော် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့က အသက်၂၃ နှစ်အရွယ် ရဲတပ်သားရဲရင့်အောင်ဆိုသူဖြစ်ပြီး စက်တင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းမှာ နေပြည်တော်မှာပဲ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

“လူကုန်တားက ရဲတပ်သား ရဲရင်အောင်က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ပြီး ကားကိုလုသွားတာ။ နေပြည်တော်မှာ မိတာ။ ဖြစ်တာက မိတ္ထီလာ အပိုင်ဆိုတော့ မိတ္ထီလာစခန်းမှာ အမှုဖွင့်ထားတယ်။ နေပြည်တော်ကနေတော့ ဒီဘက်ကို လွဲပြောင်းလာတာတော့ မရှိသေးဘူး။ သေနတ်က အရာရှိသေနတ်ကို ယူလာတာဖြစ်ဖို့များတယ်”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

လူသတ်ပစ္စည်းလုယက်မှုနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကိုတော့ မိတ္ထီလာမြို့မရဲစခန်းက (ပ)၁၄၉/၂၀၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် ထားတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့ညနေပိုင်းမှာ မိတ္ထီလာမြို့နယ်၊ ကန်ကြီးကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေး အမြန်လမ်းဘေး မိုင်တိုင် ၂၇၆ အနီးမှာ အမျိုးသားတဦးသတ်ဖြတ်ခံထားရတဲ့ အနေထားနဲ့ သေဆုံးနေတာကို ကောက်စိုက်ပြီးပြန်လာသူတွေက တွေ့ရှိခဲ့ပါတယ်။

သေဆုံးသူဟာ ဇဗ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာမှာ နေထိုင်သူအဌားယာဉ်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူ အသက် ၃၄ နှစ်အရွယ် ကိုဝင်းကိုဆိုသူဖြစ်ပြီး အဆိုပါ မနက်ပိုင်းမှာ ကားအဌားလိုက်ဖို့ နေအိမ်မှ ထွက်သွားရာမှ ပျောက်ဆုံးနေခဲ့တာဖြစ်ကာ အလောင်းကို တွေ့ရချိန် ဝဲဘက် ဦးခေါင်းဂျိုစောင်းမှာ ရိုက်နှက်ခံထားရလို့ဘ ဦးခေါင်းခွံကြေမွ ပေါက်ပြဲဒဏ်ရာ၊ ယာဘက် မျက်လုံး ညိုမဲဖူးရောင် ဒဏ်ရာတွေနဲ့ ပက်လက်အနေအထား သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ကိုဝင်းကိုသေဆုံးပြီးနောက် သူမောင်းသွားတဲ့ သူ့ရဲ့ကား 9Q/4825 Hyundai Accent အမျိုးအစားကိုလည်း ပြစ်မှုကျူးလွန်သူက ယူဆောင်သွားခဲ့တာလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။