⁨မိုးများပြီး ချောင်းရေတက်လို့ ကောလင်းနယ်က ရွာပေါင်း ၁၀၀ ကျော် ရေကြီးနေ

0 6
0 6

ကောလင်း၊ ဩဂုတ် ၆၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲမှာ မိုးများပြီး ချောင်းရေတက်လာလို့ ကျေးရွာ ၁၀၀ ကျော် ရေကြီးနေတယ်လို့ ကော့လင်းခရိုင် ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။

ဩဂုတ်လ ၅ ရက်နေ့က စတင်ပြီး မိုးသည်းထန်စွာရွာသွန်းနေပြီး ဒေါင်းမြူချောင်းနဲ့ လာကာချောင်းတွေက ရေမြင့်တက်လာတာကြောင့် ကော့လင်းမြို့နယ် အနောက်ခြမ်းနဲ့ အရှေခြမ်းကျေးရွာတွေမှာ ရေကြီးတာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ပုံစာ – ဩဂုတ်လ ၅ ရက်နေ့တွင် ကောလင်းမြို့နယ်အတွင်း ရေကြီးမှုကိုကြုံတွေ့နေရသည့် ကျေးရွာများအထဲမှ လာကာကျေးရွာ ရေကြီးမှုအခြေအနေ

“အဓိက အဆိုးဆုံးက ကောလင်းအနောက်ခြမ်းရွာတွေ ရေကြီးတာများတယ်။ ရေက ၄ ပေလော​က်တက်လာတယ်။ နိမ့်တဲ့နေရာတွေဆို ပိုဆိုးတယ်။ လူတွေက အဝေးကြီးရွှေ့ပြောင်းရတာ မရှိဘူး။ ရွာအမြင့်ပိုင်းတွေ ပြောင်းကြရတာ ရှိတယ်။ စစ်ရှောင်တွေဆို အကုန်ရွှေ့ရတာ”လို့ ကောလင်းခရိုင် ပကဖတာဝန်ခံ ကိုမိုးဇော်အောင်က ပြောပါတယ်။

မိုးကလည်း အဆက်မပြတ်ဆက်လက်ရွာသွန်းနေတာကြောင့် ရေကြီးမှု ပိုမိုဖြစ်လာပါက စစ်ဘေးရှောင်တွေကော၊ ရွာခံတွေပါ သွားလာရေးပြတ်တောက်နိုင်ပြီး၊ စားသောက်နေထိုင်ရေးအတွက် အခက်ခဲကြုံလာနိုင်တယ်လို့ ဆိုပါတယ်။

ပုံစာ – ဩဂုတ်လ ၅ ရက်နေ့တွင် ကောလင်းမြို့နယ်အတွင်း ရေကြီးမှုကိုကြုံတွေ့နေရသည့် ကျေးရွာများအထဲမှ လာကာကျေးရွာ ရေကြီးမှုအခြေအနေ

ရေကြီးလာလို့ ကောလင်းအနောက်ခြမ်းကျေးရွာတွေက ကားလမ်းဘေးတွေမှာတဲထိုးနေရတဲ့ စစ်ရှောင်အိမ်ထောင်စု ၁၅၀၀ ကျော်၊ လူဦးရေ ၅၀၀၀ ကျော်ဟာ တဲအများစု ရေမြုပ်လို့ ပျက်စီးကုန်းပြီး၊ ကျေးရွာတွေရဲ့ အမြင့်ပိုင်းတွေကို ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေမှာ နေစရာတဲတွေမရှိတော့လို့ အမိုးအကာနဲ့ စားနပ်ရိက္ခာလိုအပ်ချက်တွေလည်း ရှိလာတယ်လို့ ဆိုပါတယ်။

ပုံစာ – ဩဂုတ်လ ၅ ရက်နေ့တွင် ကောလင်းမြို့နယ်အတွင်း ရေကြီးမှုကိုကြုံတွေ့နေရသည့် ကျေးရွာများအထဲမှ လာကာကျေးရွာ ရေကြီးမှုအခြေအနေ

NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကလည်း ကောလင်းမြို့နယ်အတွင်းက ကျေးရွာပေါင်း ၁၀၀ ရေကြီးမှုကြုံတွေ့ခဲ့ရပြီး၊ နေအိမ်ခေါင်မိုးတွေ မြုပ်တဲ့အထိကြုံတွေ့ခဲ့ရကာ လူသေဆုံးတာ၊ ရာနဲ့ချီပြီး နေအိမ်တွေပျက်စီးခဲ့ရသလို ဆန်စပါးအပါအဝင် ကောက်ပဲသီးနှံစိုက်ခင်းများစွာ ပျက်စီးဆုံးရှုံခဲ့ရတယ်လို့ သိရပါတယ်။

ပုံစာ – ဩဂုတ်လ ၅ ရက်နေ့တွင် ကောလင်းမြို့နယ်အတွင်း ရေကြီးမှုကိုကြုံတွေ့နေရသည့် ကျေးရွာများအထဲမှ လာကာကျေးရွာ ရေကြီးမှုအခြေအနေ
ပုံစာ – ဩဂုတ်လ ၅ ရက်နေ့တွင် ကောလင်းမြို့နယ်အတွင်း ရေကြီးမှုကိုကြုံတွေ့နေရသည့် ကျေးရွာများအထဲမှ လာကာကျေးရွာ ရေကြီးမှုအခြေအနေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။