ကိုရီးယားက ၈၈၈၈ အကြိုပွဲကို ကိုရီးယားအမတ်ကိုယ်တိုင် တက်ရောက်အားပေးကာ တောင်းဆိုစာများကို လက်ခံ

0 0
0 0

ဆိုးလ်၊ ဩဂုတ် ၆၊ ၂၀၂၆။

ကိုးရီယာနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှာသူတွေ ဦးဆောင်ပြီး ၃၈ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံအကြို အထိမ်းအမှတ် “ကိုရီးယားအစိုးရသို့ အထူးတိုက်တွန်းတောင်းဆိုစာ ပေးပို့ခြင်း”ခေါင်းစဥ်နဲ့ ဆိုးလ်မြို့ရှိ ကိုးရီယားလွှတ်တော်ရှေ့မှာ ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါပွဲကို ကိုရီးယားလွှတ်တော်အမတ် အီဂန်အီးလ် လာရောက်ပါဝင်ပြီး မြန်မာ့ဒီမိုကရေစီအင်အားစုများကို အားပေးစကား ပြောကြားကာ ပေးပို့လာတဲ့စာတွေကိုလည်း ကိုယ်တိုင်လက်ခံယူသွားခဲ့ကြောင်း သိရပါတယ်။

ပုံစာ – ဆိုးလ်မြို့ရှိ ကိုးရီယားလွှတ်တော်ရှေ့မှာ ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့တဲ့ ၈ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံအကြို အထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများ

ဓာတ်ပုံ – ကိုလင်းအိမ်
ပုံစာ – ဆိုးလ်မြို့ရှိ ကိုးရီယားလွှတ်တော်ရှေ့မှာ ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့တဲ့ ၈ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံအကြို အထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများ

ဓာတ်ပုံ – ကိုလင်းအိမ်

မြန်မာပြည်သူများမှ ကိုရီးယားအစိုးရနဲ့ ကိုရီးယားလွှတ်တော်ကို စာ ၃ စောင်ပေးပို့ခဲ့ပြီး ရှစ်လေးလုံး ၃၈ နှစ်မြောက် အထူးတိုက်တွန်းခြင်း၊ အာဆီယံဆုံးဖြတ်ရပ်တည်ချက်ကို ထောက်ခံပေးရန်နဲ့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထောက်ခံပေးရန်တို့ ပါဝင်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာလည်း လွှတ်တော်အမတ် အီဂန်အီးလ်က မြန်မာ့ဒီမိုကရေစီရေးကို ကိုရီးယားမှ ဆက်လက် ထောက်ခံနေဆဲ ဖြစ်ပြီး၊ အားမလျှော့ကြရန် တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီရေးထောက်ခံအားပေးနေတဲ့ ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများ တပ်ပေါင်းစုမှ တာဝန်ခံတွေကလည်း ရှစ်လေးလုံး မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကို တန်ဖိုးထားပါကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေကြောင်း ပြောကြားခဲ့ပါတယ်။

ပုံစာ – ဆိုးလ်မြို့ရှိ ကိုးရီယားလွှတ်တော်ရှေ့မှာ ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့တဲ့ ၈ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံအကြို အထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများ

ဓာတ်ပုံ – ကိုလင်းအိမ်
ပုံစာ – ဆိုးလ်မြို့ရှိ ကိုးရီယားလွှတ်တော်ရှေ့မှာ ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့တဲ့ ၈ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံအကြို အထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများ

ဓာတ်ပုံ – ကိုလင်းအိမ်

မွန်းလွဲပိုင်းမှာတော့ မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေက အာဆီယံနိုင်ငံများသို့ အိတ်ဖွင့်ပေးစာပေးပို့ခြင်း သတင်းစာရှင်းလင်းပွဲကို ဆိုးလ်မြို့ ကိုရီးယား-အာဆီယံရုံးရှေ့မှာ ဆက်လက် ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီအိတ်ဖွင့်ပေးစာထဲမှာ အာဆီယံနိုင်ငံတွေအနေနဲ့ အာဆီယံချာတာပေါ်မှာ ခိုင်ခိုင်မြဲမြဲ ရပ်တည်ပြီး၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို မလိုက်နာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ်မပြုဖို့ လေးလေးနက်နက် တောင်းဆိုထားတဲ့စာကို ကိုရီးယားနိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံသံရုံးတွေကို ပေးပို့ခဲ့ပါတယ်။

မနက်ဖြန် ဩဂုတ်လ ၇ ရက်နေ့မှာလည်း ဆိုးလ်မြို့ အာဆီယံနိုင်ငံ သံရုံးတွေရှေ့မှာလည်း တဦးချင်း ထပ်မံဆန္ဒပြကြဖို့ မြန်မာ-ကိုရီးယားအဖွဲ့တွေက စီစဉ်ထားပါတယ်။

ပုံစာ – ဆိုးလ်မြို့ရှိ ကိုးရီယားလွှတ်တော်ရှေ့မှာ ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့တဲ့ ၈ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံအကြို အထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများ

ဓာတ်ပုံ – ကိုလင်းအိမ်
ပုံစာ – ဆိုးလ်မြို့ရှိ ကိုးရီယားလွှတ်တော်ရှေ့မှာ ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့တဲ့ ၈ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံအကြို အထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများ

ဓာတ်ပုံ – ကိုလင်းအိမ်

၃၈ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့မှာတော့ မြန်မာသံရုံးရှေ့မှာ မြန်မာဒီမိုကရေစီရေးလှုပ်ရှားတဲ့ ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ မြန်မာအဖွဲ့အစည်းတွေပေါင်းပြီး သတင်းစားရှင်းလင်းပွဲပြုလုပ်ဖို့ရှိပြီး၊ ညနေပိုင်းမှာတော့ ဆိုးလ်မြို့ ဟုံးဒယ်ဘူတာမှာ မြန်မာအရေးဓာတ်ပုံပြပွဲနဲ့အတူ တော်လှန်သီချင်းများသီဆိုခြင်းနဲ့ ကဗျာရွတ်ခြင်း စတဲ့လှုပ်ရှားမှုတွေရှိပြုလုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီအပြင် သြဂုတ်လ ၉ ရက်နေ့မှာကတော့ ဆိုးလ်မြို့ ဘိုရှင်းဂတ်ရင်ပြင်မှာ လူအများဆန္ဒပြပွဲကို နေ့လည် ၁၂ ကနေ ၃ နာရီထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

သတင်း – ကိုလင်းအိမ်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။