27 July 2026 12:19 AM

⁨မီလျံနာရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေတပိဿာကျော်ပါသွား

0 34
0 34

မန္တလေး၊ ဇူလိုင် ၂၁၊ ၂၀၂၆။

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း၊ ၆၂ လမ်းနဲ့ ၆၄ လမ်းကြားမှာတည်ရှိတဲ့ မီလျံနာရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေတပိဿာကျော် ပါသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့ ည​နေ ၃ နာရီကျော်ခန့်မှာ ဆိုင်ကယ် ၃ စီးနဲ့ အမျိုးသား ၆ ဦးပါတဲ့ ဓားပြတွေက ဆိုင်ကိုဝင်စီးပြီး ရွှေတွေကိုယူသွားတာလို့ဆိုပါတယ်။

“သေနတ်အတိုတလက်ပါတယ်။ တချက်ဖောက်ပြီးတော့ ဆိုင်ထဲဝင်လာတယ်။ ဆိုင်ကယ်ဦးထုပ်တွေ ဆောင်းထားတယ်။ ကောင်တာကိုရိုက်ခွဲပြီး ရွှေတွေယူပြီးချက်ချင်းပြန်ထွက်သွားတာ။ မိနစ်ပိုင်းလေးပဲကြာတယ်။ မြန်တယ်။ ရွှေဆိုင်ကလည်း ကာစတန်မာတွေသိပ်မရှိတဲ့ဆိုင်ဆိုတော့”လို့ ဖြစ်စဥ်ကိုသိတဲ့ မြို့ခံတဦးက ပြောပါတယ်။

ပုံစာ – မီလျံနာရွှေဆိုင် ဓားပြတိုက်ခံရစဉ် CCTV မှတ်တမ်းမှ မြင်တွေ့ရစဉ်

ဓားပြတိုက်ခံရလို့ ရွှေဆိုင်အတွင်းက ရွှေလက်ကောက်၊ လက်စွပ်၊ နားကပ်ပုံစံမျိုးစုံ တပိဿာကျော်ပါသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဓားပြတွေက သေနတ်ဒင်နဲ့ထုခဲ့လို့ ဆိုင်ဝန်ထမ်းအမျိုးသား ၁ ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရခဲ့ကာ ဓားပြတိုက်ခံရချိန်မှာ ဆိုင်ရှင်အပြင် ဆိုင်ဝန်ထမ်း အမျိုးသား ၄ ဦးနဲ့အမျိုးသမီး ၂ ဦးရှိနေပေမယ့် ပြန်လည်မခုခံနိုင်ပဲ ဓားပြတွေက လွတ်မြောက်သွားပါတယ်။

ရွှေဆိုင်ဓားပြတိုက်ခံရပြီးနောက် စစ်ကောင်စီအဖွဲ့တွေလာရောက်စစ်ဆေးသွားပေမယ့် ဇူလိုင်လ ၂၁ ရက်နေ့အထိ ဓားပြတွေကို ဖမ်းမမိသေးဘူးလို့ သိရပါတယ်။

ဇွန်လ ၂၀ ရက်နေ့ကလည်း ကြို့ပင်ကောက်မြို့၊ စျေးချိုမြောက်ရပ်ကွက်၊ မြို့မစျေးရှိ မြမြင့်မိုရ်ရွှေဆိုင်ပိုင်ရှင် အသက် ၅၇ ဦးဝင်းလွင်ဆိုသူ ပစ်သတ်ခံရလို့ သေဆုံးသွားသေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။