ရဲတွေဝိုင်းခံရချိန် အသင့်ပါတဲ့မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်လို့ ရဲ၄ဦးသေဆုံး

0 1
0 1

မကွေး၊ မေ ၂၀၊ ၂၀၂၃။

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ မြင်းတဲကြီးကျေးရွာနားမှာ PDF ၁ ဦးကို ဝင်ဖမ်းတဲ့ ရဲတွေ မိုင်းခွဲခံရလို့ ၄ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

မေလ ၂၀ ရက် ဒီနေ့ မနက် ၁၀ နာရီကျော်မှာ မြင်းတဲကြီးကျေးရွာ ပေ ၁၀၀ လမ်းဘေးက ဖူးပွင့်ဝေ စားသောက်ဆိုင်နားမှာ ရဲ ၁၀ ဦးဝန်းကျင်ကို မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ နတ်မောက် ဂဠုန်တပ်ဖွဲ့က ဗိုလ်အောင်ဒင်ကပြောပါတယ်။

“ကျနော်က မစ်ရှင်လုပ်ဖို့သွားတာ။ ဗိုက်ကလဲဆာတော့ ဆိုင်မှာဝင်စားနေတာ။ အဲဒါကို စကစ ဘက်က သတင်းရလို့ ကျနော်ကိုလာဖမ်းတာ။ သူတို့က ဆိုင်ထဲမဝင်ခင် ကျနော့် ဆိုင်ကယ်ကို စစ်ဆေးနေချိန် ဆိုင်ကယ်မှာ အသက်သွင်းပြီးသား မိုင်းကလည်း ရှိနေတော့ ရီမုနဲ့ခွဲချပြီး ပြေးတာပဲ။ စကစ အဖွဲ့ကသူတွေ ဆိုင်ကယ်နားမှာ ပုံကျသွားတယ်”လို့ ပြောပါတယ်။

မိုင်းခွဲပြီးပြေးချိန် ရဲတဦးက လိုက်ပစ်ခတ်ခဲ့ပေမယ့် ထိမှန်တာမရှိဘဲ ​ပြေးလွှားချိန် ကျောက်ခဲတွေနဲ့ထိလို့ ခြေထောက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရလို့ ရဲတပ်ဖွဲ့ဝင် ၃ ဦးနေရာမှာ လဲကျသေဆုံးသွားပြီး ၅ ဦးခန့်ဒဏ်ရာရသွားသလို ဒဏ်ရာရသူတွေထဲက ၁ ဦး လမ်းမှာ ထပ်သေတယ်လို့ဆိုပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီအဖွဲ့ဝင်တွေက ဗိုလ်အောင်ဒင်ကို လိုက်လံရှာဖွေကြပေမယ့် လုံခြုံတဲ့နေရာကို ပြန်ရောက်ပြီလို့ သိရပါတယ်။

စာတည်း- ဇို

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။