ဝေါမြို့နယ်ထဲက စစ်ကောင်စီရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့တွေ တပတ်အတွင်း နုတ်ထွက်ဖို့ ပကဖ သတိပေး

ဝေါ၊ မတ် ၂၄၊ ၂၀၂၃။

ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ တွေ အမြန်ဆုံးနုတ်ထွက်ကြဖို့နဲ့ မလိုက်နာရင် စစ်ရေးပစ်မှတ်အနေနဲ့ တိုက်ခိုက်သွားမယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မတ်လ ၂၄ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီခန့် ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး အားလုံးပါဝင်မှာဖြစ်ပြီး မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားနုတ်ထွက်ရမယ်လို့ ဝေါပကဖ တာဝန်ရှိသူက ပြောပါတယ်။

“ခုကာလက နောက်ဆုံးအခြေနေကို ရောက်နေပြီ။ တချို့အုပ်ကြီးတွေက အရင်လက်ထက်ကတည်းက အုပ်ကြီးတွေကို အတင်းပြန်ခန့်ထားတာဆိုတော့ သူတို့ကမလုပ်ချင်ပေမယ့် လုပ်နေရတာ ရှိတယ်။ ဒီလိုလူတွေအတွက် အခွင့်အရေးပေးပြီး နောက်ဆုံးစာထုတ်တာပါ။ စကစလက်ထက်မှာ လိုလိုချင်ချင်နဲ့ အုပ်ကြီးလုပ်ထားတဲ့သူတွေကတော့ သူတို့သဘောပါ” လို့ ပြောပါတယ်။

နောက်ဆုံးသတ်မှတ်ပေးထားတဲ့ ရက်အတွင်း နုတ်ထွက်တာမရှိတဲ့သူတွေကို စစ်ကောင်စီနဲ့ ပူပေါင်းဆောင်ရွက်သူတွေအဖြစ် သတ်မှတ်ရှင်းလင်းသွားမှာဖြစ်ပြီး အခုလအတွင်းမှာပဲ စစ်ကောင်စီက သူတို့ လက်အောက် အုပ်ကြီးနဲ့ပျူစောထီးတွေကို လက်နက်တပ်ဆင်ပေးထားကြောင်း သတင်းရရှိထားတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် ဝေါမြို့နယ်အတွင်းက စစ်ကောင်စီရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကို ပစ်မှတ်ထား ရှင်းလင်းတာမျိုးမရှိသေးဘဲ ကြံခိုင်ရေးစည်းရုံးရေးမှူး ၁ ဦး၊ စစ်ကောင်စီသတင်းပေး ၁ ဦးနဲ့ ဒုရဲအုပ် ၁ ဦးကိုသာ ရှင်းလင်းခဲ့တာဖြစ်ပြီး၊ ဝေါမြို့နယ်မှာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၆၁ ဦးနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ၁၀၀ ကျော် ရှိတယ်လို့ ဝေါပကဖဆီက သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။