ဆောနယ်ထဲဝင်လာတဲ့ စစ်ကြောင်းတွေ တိုက်ခိုက်ခံရလို့ လက်နက်နဲ့ ရိက္ခာအများအပြားပါသွား

0 0
0 0

ဆော၊ ဇူလိုင် ၂၈၊ ၂၀၂၆။

မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ခံခဲ့ရပြီး လက်နက်နဲ့ ရိက္ခာအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ ဇူလိုင်လ ၂၈ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့က လောင်းရှည်ကနေ ဆောမြို့ဘက်ကိုထွက်လာတဲ့ တပ်မ (၉၉) ဦးစီးပြီး အင်အား (၃၀၀) ဝန်းကျင်ပါတဲ့ စစ်ကြောင်းကို လမ်းပိုင်းတနေရာမှာ တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က အထိနာပြီး၊ ပြန်လည်ဆုတ်ခွာစဥ် လိုက်လံတိုက်ခိုက်ခဲ့ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်
ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်

နောက်ကြောင်းလှည့် ထွက်ပြေးသွားတဲ့ စစ်ကောင်စီးတပ်တွေဆီက လက်နက်၊ ခဲယမ်းနဲ့ ရိက္ခာတင်ကား (၃) စီးထဲက ရိက္ခာတွေနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၂၅ ရက်နေ့ကလည်း အင်အား (၁၈၀) ဝန်းကျင်ဟာ လေကြောင်းပစ်ကူရယူပြီး မြေပြင်ရောဝေဟင်ကပါ ဒုတိယအကြိမ် ထိုးစစ်ဆင်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အသာစီးရခဲ့လို့ စစ်ကောင်စီတပ်တွေ ထိခိုက်သေဆုံးများပြားကာ စစ်သုံ့ပန်း ၉ ဦး ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်
ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်

အဆိုပါ တိုက်ပွဲတွေအတွင်း MA-1 ၄ လက်၊ MA-3 ၃ လက်၊ ရှော့ဂန်း ၂ လက်နဲ့ RPG ပြောင်း-၂ လက် စတဲ့ သေနတ်တွေရရှိခဲ့ပါတယ်။

ဗုံးသီးမျိုးစုံဖြစ်တဲ့ ၄၀ မမ အသီး-၅၁ လုံး၊ ၆၀ မမ အသီး- ၁၄၄ လုံး၊ ၈၁ မမ အသီး-၁၉ လုံး၊ ၁၂၀ မမ အသီး-၂၂ လုံး၊ လက်ပစ်ဗုံး-၅ လုံး နဲ့ အီနာဂါ-၆ ခုတို့ ရရှိခဲ့ပါတယ်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်
ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်

အဲ့ဒီအပြင် ရှော့ဂန်း ကျည်-၂၅ တောင့်၊ ၅.၅၆ ကျည်-၅၆၁၅ တောင့်၊ ၇.၆၂ သုံးမျိုးသုံးကျည်- ၃၇၉ တောင့်နဲ့ MG 42 ကျည်-၁၄၁၅ တောင့်နဲ့ ကျည်ခါးပတ်-၄ ခု တို့ရရှိခဲ့ပြီး၊ RPG အဖူး-၁၄ ဖူး၊ RPG ပို့ကျည်-၁၅ တောင့်၊ MG 42 ပြောင်းပို-၂ ခုလည်း ရရှိခဲ့ပါတယ်။

မိုင်းတွေထဲကတော့ နင်းမိုင်း-၉ လုံး၊ တိုက်မိုင်း-၁ လုံး၊ ရှေ့ထွက်မိုင်း-၁၁ လုံး၊ ဒရုန်းဗုံးသီး-၂၂ လုံးနဲ့ Equipment-၂ စုံ၊ ကျည်ကာ ဦးထုပ်-၁၄ လုံး၊ ဓား-၁၀ ချောင်း၊ GBP-128 မိုင်းရှင်းစက်ပုံး-၃ ပုံး၊ Drone Jumper-၁ ခု၊ Drone Controller-၁ ခု၊ ဒရုန်းပစ္စည်းထည့် ပုံးကြီး-၁ ပုံး၊ ဖုန်းအထိုင်ခွက်-၂ ခု၊မီးစက်-၂ လုံး၊ မီးကြိုးခွေ-၂ ခု၊ Battery Charger-၅ ခု၊ Solor Conductor- ၁ ခုနဲ့ RPG ချိန်ဆိုဒ်-၂ ခုရရှိခဲ့ပါတယ်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်
ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်

ရိက္ခာကား ၃ စီးထဲက ရိက္ခာတွေကတော့ ဆန်အိတ်-၅၅ အိတ်၊ ကြက်သွန်ဖြူ-၁၅ အိတ်၊ ရွှေဖီဦးအထုပ်ကြီး-၁၄ အိတ်တို့ဖစ်ပြီး၊ ဆေးပစ္စည်း-၂ အိတ်နဲ့ Starlink-၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။