တောင်သာမြို့နယ် လဝက ဦးစီးမှူးကို တော်လှန်ရေးအဖွဲ့တွေ ဖမ်းဆီးထိန်းသိမ်းထား

0 6
0 6

တောင်သာ၊ ဇူလိုင် ၂၉၊ ၂၀၂၆။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သီးကုန်းကျေးရွာမှာ တောင်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူးကို တော်လှန်ရေးအဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းသွားခဲ့တာလို့ မြေပြင်အခြေနေသိရှိတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

ဖမ်းဆီးခံရသူက မြို့နယ်လဝက ဦးစီးမှူး အသက် ၄၇ နှစ်အရွယ် ဒေါ်မိုးစန္ဒာဆိုသူဖြစ်ပြီး ဇူလိုင်လ ၂၇ ရက်နေ့ မနက်ပိုင်းမှာ သီးကုန်းကျေးရွာက သူ့မိဘနေအိမ်မှာရှိနေချိန် ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

“ဖမ်းတာက တော်လှန်ရေးရဲဘော်တွေဘက်က ဖမ်းဆီးထိန်းသိမ်းထား ရှိတယ်။ သူကလည်း စကစ ဒေါက်တိုင်ဖြစ်တဲ့အတွက် ဖမ်းတာဖြစ်တယ်။ သူအမေဆီကို အလည်လာတဲ့အချိန် သတင်းရလို့ပါ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒေါ်မိုးစန္ဒာဟာ စစ်ကော်မရှင်ဒေါက်တိုင်ဖြစ်တာနဲ့အညီ ပြည်သူတွေ မှတ်ပုံတင်အပါအဝင် လဝကဝန်ဆောင်မှုယူချိန်မှာ ငွေကြေးတောင်းကြမ်းတာ၊ ပြည်သူတွေနဲ့ အဆင်မပြေတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

သူကိုဖမ်းဆီးထားတဲ့ အဖွဲ့နာမည်ကိုတော့ လတ်တလောဖြေဆိုဖို့ ငြင်းဆန်ထားပြီး ဖမ်းဆီးထားတဲ့အဖွဲ့ရဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးမှုတွေပြုလုပ်ပြီး အရေးယူဖို့တော့ရှိမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၅ ရက်နေ့ကလည်း တောင်သာမြို့နယ်၊ ရုံးစည်ကြီးရဲစခန်းက ရဲတပ်သား စိုင်းခွန်ကျော်အပါအဝင် ဇနီးနဲ့ သားဖြစ်သူကို တော်လှန်ရေးအဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းခဲ့သေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။