ကြို့ပင်ကောက်မှာ အမျိုးသား ၁ ဦးထပ်မံ ကြိုးဆွဲချ

0 3
0 3

ကြို့ပင်ကောက်၊ မတ် ၂၄၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ မတ်လ ၂၄ ရက် ဒီမနက်အစောပိုင်းက အမျိုးသားတဦး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

သေဆုံးသူဟာ ကြို့ပင်ကောက်မြို့နယ်၊ ဂုမ္မကွင်းအုပ်စု၊ ကြို့ကုန်းရွာမှာနေထိုင်တဲ့ အသက် ၄၃ နှစ်အရွယ် ကိုရဲထွန်းဖြစ်ပြီး ရွာထိပ်ရှိတံတားအောက်ခံတန်းမှာ လည်ပင်းကိုကြိုးချည်လျက် သေဆုံးနေတာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“ရွာထိပ်တံတားအောက်က အောက်ခံယက်မတန်းကို ကြိုးချည်ပြီး ကြိုးဆွဲချတာပါ။ ရွာသားတချို့မြင်ပြီး ရဲကိုအကြောင်းကြားလိုက်တာ။ ဘာလို့လုပ်တာလဲတော့ မသိဘူး။ သူက အရက်တော့ တအားသောက်တယ်” လို့ ပြောပါတယ်။

သေဆုံးသူရဲ့ရုပ်အလောင်းကိုတော့ ဒေသတွင်း ပရဟိတအသင်းကားနဲ့ ကြို့ပင်ကောက်ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

မတ်လ ၁၅ ရက်နေ့ကလည်း သဲကုန်းကြီးရွာက အသက် ၂၄ နှစ်အရွယ် အမျိုးသားတဦး ကြိုးဆွဲချသေဆုံးခဲ့တာကြောင့် မတ်လတတိယအပတ်နဲ့ နောက်ဆုံးအပတ်အတွင်း ကြို့ပင်ကောက်မြို့နယ်မှာ ကြိုးဆွဲချသေဆုံးသူ ၂ ဦးရှိခဲ့တာ ဖြစ်ပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။