တိုင်ဖွန်းမုန်တိုင်းကြောင့် စစ်ကိုင်းနဲ့ပဲခူးတိုင်းအပါ တိုင်းနဲ့ပြည်နယ်တချို့မှာ နေရာကွက်ပြီးမိုးကြီးနိုင်

0 32
0 32

မြေလတ်၊ ဩဂုတ် ၂၅၊ ၂၀၂၅။

စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေးတိုင်းတို့အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဩဂုတ် ၂၅ ရက် ဒီကနေ့မှာ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။

မိုးဇလရဲ့ ဒီကနေ့မနက် ၅ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားအသင့်အတင့်မှအားကောင်းနေတယ်လို့ဆိုပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ် နေတဲ့ တိုင်ဖွန်းမုန်တိုင်း ကဂျိကိ (Kajiki)ကြောင့် ဒီကနေ့ညနေအထိ ခန့်မှန်းချက်အရ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းတို့မှာ နေရာကျဲကျဲ၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်ပါတယ်။

ဒါ့အပြင် နောက် ၄၈ နာရီအတွင်း မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မွန်၊ ကရင်၊ ရှမ်းပြည်နယ် တောင်ပိုင်းတို့မှာလည်း နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုထားပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းများကျရောက်ကာ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ ၁ နာရီကို မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။