အုတ်တွင်းမှာ ဆီဘောက်ဆာကားကိုမီးရှို့ပြီး ရာအိမ်မှူး ၁ ဦးလည်း ပစ်သတ်ခံရ

0 68
0 68

အုတ်တွင်း၊ ဩဂုတ် ၂၅၊ ၂၀၂၅။

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ဂုံမင်းတာကျေးရွာအနီးမှာ ဆီဘောက်ဆာကားကို လက်နက်ကိုင်အဖွဲ့တွေက ရထားလမ်းပေါ်တင် မီးရှို့ပြီး ရာအိမ်မှူး ၁ ဦးလည်း ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၂၃ ရက်မနက် ၃ နာရီကျော်မှာ လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့က စည်ပင်သာကျေးရွာအနီးရပ်ထားတဲ့ ဆီဘောက်ဆာကား ၁ စီးကို မောင်းနှင်လာပြီး စည်ပင်သာနဲ့ ဂုံမင်းတာကျေးရွာကြား ရန်ကုန်-မန္တလေး ရထားလမ်းပေါ်ကိုတင်ကာ မီးရှို့ပြီးနောက် မနက် ၅ နာရီခန့်မှာ ဂုံမင်းတာရွာထဲက အသက် ၄၃ နှစ်အရွယ် ရာအိမ်မှူး ဦးချစ်အောင် (ခ) မျိုးကိုကို ကို ပစ်သတ်သွားခဲ့တယ်လို့ဆိုပါတယ်။

“စည်ပင်သာယာရွာနားမှာ ကားကြီးသမားတွေထမင်းစားညအိပ်ကြတဲ့ ထမင်းဆိုင်တွေရှိတယ်။ အဲ့ကနေ့ အရှေ့ဘက်ကို ချိုးချလိုက်ရင် ရထားသံလမ်းဘဲ။ ရထားသံလမ်းအလယ်မှာရှို့သွားတာ။ အဲ့ဒါဖြစ်ပြီး သူတို့(စကစ)ဘက်က ရှင်းနေတဲ့အချိန် ရွာထဲသေနတ်သံကြားတာဘဲ”လို့ ဖြစ်စဥ်ကို သိထားတဲ့ဒေသခံကပြောပါတယ်။

ရာအိမ်မှူး ဦးချစ်အောင် (ခ) မျိုးကိုကိုကတော့ သူပိုင်ကြက်ခြံအနီး လမ်းပေါ်မှာ လက်နက်ကိုင်အဖွဲ့က ပစ်သတ်သွားတာဖြစ်ပြီး ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့နေရာမှာတင်သေဆုံးသွားတာလို့ ဆိုပါတယ်။

သေဆုံးသူ ရာအိမ်မှူးဟာ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် သူကယာယီအုပ်ချုပ်ရေးမှူးလုပ်နေသူဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ကားမီးရှို့မှုနဲ့ ရာအိမ်မှူးကို ပစ်သတ်သွားတာက ဘယ်အဖွဲ့တွေကပြုလုပ်တယ်ဆိုတာ ဩဂုတ် ၂၅ ရက်အထိ သက်ဆိုင်ရာအဖွဲ့တွေဘက်က သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။